ဓာတ်ပုံ – SS

မြတ်နိုး၊ ဇူလိုင် ၉၊ ကွတ်ခိုင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ရွာက ကချင်တပ်မတော်- KIA ဂိတ်မှာ မနေ့ ဇူလိုင် ၈ ရက်နေ့ မနက်ပိုင်းက KIA နဲ့ MNDAA(ကိုးကန့်တပ်)တို့အကြား ပွတ်တိုက်မှု ထပ်မံ ဖြစ်ပွါးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

“လောက်ကိုင်ကနေ မော်ဟန်ရှုခင်းသာဘက် လာလည်တဲ့ MNDAA တပ်ဖွဲ့ဝင်ကားတွေကို တားပြီး ဂိတ်ကြေးကောက်မိတာ ထင်တယ်။ အဲဒီမှာ MNDAA ဘက်က အင်အားအလုံးအရင်းခေါ်လာပြီး စကားများတာ။ KIA ရဲဘော်တယောက် ခေါင်းကွဲ ဒဏ်ရာရတယ်။ အဲလိုကနေ စကားများကြတာလို့ သိရတယ်” လို့ ဖြစ်စဉ်အနီးရှိ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီဂိတ်ကတော့ KIA တပ်မဟာ ၁၀ တပ်ရင်း ၂ ရဲ့ စစ်ဆေးရေးဂိတ် ဖြစ်ပြီး ဆယ်စုနှစ်ချီ ရှိထားတဲ့ ဂိတ်ဖြစ်တယ်လို့ သူက ပြောပါတယ်။

“KIA ဂိတ်စခန်းကို MNDAA ဘက်က လာဖျက်ဆီးပြီးတော့ ရဲဘော် တယောက်ကိုပါ သွေးထွက်သံယိုဖြစ်တဲ့ အထိ ရိုက်နှက်ခဲ့လို့ စကားများကြတာ” လို့ နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေ အနေနဲ့ အချင်းချင်းကြား အငြင်းပွားပွတ်တိုက်မှု ဖြစ်ပွားလာရင် အောက်လက်ငယ်သားတွေကိုသာ ဖြေရှင်းစေတာကြောင့် ပိုမိုရှုပ်ထွေးစေတာမျိုး တွေ့ရတယ်လို့ သူက ပြောပါတယ်။

“ပြန်ပြေလည်သွားပြီ။ မနေ့က ညနေပိုင်း နှစ်ဖက် တာဝန်ရှိ လူကြီးတွေ ဆွေးနွေးညှိနှိုင်းလို့ အဆင်ပြေသွားပြီ။ MNDAA ဘက်က သူတို့ ဖျက်ဆီးခဲ့တဲ့ ဂိတ်ကို ပြန်လုပ်ပေးသွားပြီး ပြန်ခေါက်သွားကြပြီ” လို့ KIA နဲ့ နီးစပ်သူ သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ KIA နဲ့ MNDAA တို့ အကြား နယ်မြေစီမံခန့်ခွဲရေး၊ ဂိတ်ထိန်းချုပ်ရေး၊ လမ်းအသုံးပြုခွင့်၊ အခွန်ကောက်ခံမှုနဲ့ လုံခြုံရေးတာဝန်တွေနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲကာ မကြာခဏ အငြင်းပွားမှု ဖြစ်ပွားတာဖြစ်ပြီး နှစ်ဖက် တာဝန်ရှိသူတွေ ပြန်လည်ညှိနှိုင်း ဖြေရှင်းခဲ့ကြတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။