ရွှေဖီမြေ၊ မေလ ၃၁ ရက်၊ နမ့်ခမ်း

နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာမှာ မိုင်းတွင်းကျောက်လုပ်ငန်းအတွက် သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော်-TNLA က မေလ ၃၁ ရက်နေ့မှာ ရှင်းလင်းချက် ထုတ်ပြန်လိုက်ပါတယ်။

မေလ ၃၁ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲဝန်းကျင် ကောင်းတပ်ကျေးရွာမှာ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ ပေါက်ကွဲခဲ့တာဖြစ်ပြီး အဲဒီပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရခဲ့သလို နေအိမ်အချို့လည်း ပျက်စီးခဲ့ပါတယ်။

ဒီပေါက်ကွဲမှုကြောင့် အမျိုးသမီး ၂၅ ဦးနဲ့ အမျိုးသား ၃၀ ဦး ထိခိုက်ခဲ့ပြီး ဒဏ်ရာရသူ ဆယ်နဲ့ချီရှိတယ်လို့ ဒေသခံတွေဆီက ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတဲ့ ဒေသခံတွေအတွက် တအာင်းတပ်မတော်-TNLA အနေနဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေနဲ့အတူ ဝမ်းနည်းတယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ယမ်းပျော့တွေဟာ TNLA ရဲ့ စီးပွားရေးဌာနက မိုင်းတွင်းကျောက်လုပ်ရေးလုပ်ငန်းအတွက် အသုံးပြုဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့ဖြစ်တယ်လို့ဆိုပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပေါက်ကွဲမှုဖြစ်ရတဲ့အကြောင်းအရင်းတွေကို အသေးစိတ် စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေက ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင့် ပေါက်ကွဲမှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ မိဘပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ပြန်လည်းထူထောင်ရေးလုပ်ငန်းတွေကို သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး အမြန်ဆုံးဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။