ရွှေဖီမြေ၊ ဇွန်လ ၄ ရက်၊ နမ့်ခမ်း

တအာင်းတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာမှာ ယမ်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ ဒေသခံတွေအတွက် အခြေခံဆေးဝါး အကူအညီတွေ လိုအပ်နေသေးကြောင်း သိရပါတယ်။

အခြေခံအစားအသောက်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားတွေအပြင် အသုံးအဆောင်ပစ္စည်းဖြစ်တဲ့ အဝတ်အစား၊ စောင်၊ အခင်း စတဲ့ပစ္စည်းတွေလည်း အရေးပေါ် သုံးစွဲနိုင်ဖို့အတွက် လိုအပ်နေသေးတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဆေးနဲ့ အဝတ်အစားထည့်တဲ့ပုံးနဲ့ ဆာလာအိတ်တွေ လာလှူတဲ့ သူတော့ မတွေ့ရဘူး။ အဲဟာတွေလည်း လိုတယ်။ ဆေးဆိုလည်း ဆောင်ထားရမှာ တစ်ခုခုဖြစ်ရင် ဆေးရုံမသွားချင်ဘူးလေ။ လူနာတွေလည်းများတယ်ဆိုတော့။ တခါတလေကျရင် မဟာဖြေဆေးသောက်ချင်တောင်မှ မရှိဘူး။ ဆိုင်မှာ သွားဝယ်ရအောင်လည်း သူများဆိုင်လည်း အကုန်ပျက်စီးတာဆိုတော့လေ။ ပုံးနဲ့ ဆာလာအိတ်အကြီးတွေလည်း အဲလိုပဲ စောင်တွေအဝတ်အစားတွေ ဒီတိုင်းပဲ ပုံထားတာ။ မိုးရွာရင် အကုန်လုံးစိုပြီ ထည့်စရာနေရာမရှိဘူ။ ဆန်၊ ဆီ၊ ဆားတို့က နေ့တိုင်းလာလှူတယ်။ မိုးကာလည်း ဒီနေ့လာလှူတဲ့သူတွေ ရှိတယ်”

ယမ်းပေါက်ကွဲမှုကြောင့် ခန့်မှန်းခြေအရ ပျက်စီးသွားတဲ့ ကောင်းတပ်ရွာက နေအိမ် ၃၀၀ ကျော် ရှိပြီး အဲထဲမှာမှ မီးလောင်ပြာကျခဲ့တဲ့ နေအိမ် ၄၀ ကျော်ရှိကြောင်း စာရင်းရရှိထားတာဖြစ်ပါတယ်။

လက်ရှိမှာတော့ နေအိမ်ထိခိုက်ပျက်စီးသွားတဲ့ ဒေသခံတွေက ဘုန်းကြီးကျောင်းနဲ့ နီးစပ်ရာ ဆွေမျိုးတွေဆီမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။

“အခု အိမ်ပျက်စီးသွားတဲ့ စာရင်းတွေက ကောက်လို့မပြီးနိုင်သေးဘူး။ နေ့တိုင်းကောက်တာပဲ။ မပြီးနိုင်သေးဘူး။ ဘာမှ ရစရာမရှိအောင် ပျက်စီးသွားတဲ့ အိမ်တွေ ၄၀ ပဲ စာရင်းရသေးတယ်။ မနက်ဖြန်သူတို့ ထပ်ကောက်မှ အချက်အလက်ပြန်ရမာ။ ပျက်စီးသွားတဲ့အိမ်တွေ ဘယ်လိုလာမလဲ မသိရသေးဘူး။ အိမ်ပြန်ဆောက်မဲ့ကိစ္စလည်း ဘာမှမကြားရသေးဘူး” လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ယမ်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာနဲ့ အန္တရာယ်ရှိနိုင်တဲ့ အပျက်အစီးတွေကို ဖယ်ရှားနိုင်ဖို့ ရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက် နေ့လယ်က နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာမှာ တအာင်းတပ် TNLA ရဲ့ ယမ်းသိုလှောင်တဲ့ ဂိုထောင်တစ်ခု ပေါက်ကွဲတာကြောင့် ဒေသခံ ၆၀ ကျော် သေဆုံးခဲ့ရပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။