ရွှေဖီမြေ၊ ဇူလိုင် ၁၀ ရက်၊ မူးမြို့

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ထားတဲ့ ခလယ်လွီထူခရိုင် မူးမြို့နယ်မှာ စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို အရပ်သား ၂ ဦးက နင်းမိခဲ့ပြီး သေဆုံးသွားခဲ့တယ်လို့ KNU က မနေ့ ဇူလိုင်လ ၉ ရက်မှာ ထုန်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်မှာ မူးမြို့နယ် နိုကလော်ကျေးရွာက ဒေသခံ ၂ ဦးဟာ ကျေးရွာကနေ ပြန်လာတဲ့အချိန်မှာပဲ မြေမြှုပ်မိုင်း နင်းမိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပေါက်ကွဲမှုကြောင့် အသက် ၁၈ နှစ်အရွယ်ရှိတဲ့ စောစေးအေးက အခင်းဖြစ်ပွားရာတဲ့ နေရာမှာ ပွဲချင်းသေဆုံးခဲ့ပြီး အသက် ၂၇ နှစ်အရွယ်ရှိတဲ့ စောထိဆဲကတော့ ဆေးရုံသို့ ပို့ဆောင်နေချိန် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းမိုင်းတွေဟာ စစ်ရေးလှုပ်ရှားမှုမရှိတဲ့ အရပ်သားတွေ နေ့စဉ် သွားလာလှုပ်ရှားမှု တွေကို ဆက်လက်ခြိမ်းခြောက်မှုရှိပြီး ဒေသခံတွေရဲ့ လုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်စေခဲ့တယ်လို့ KNUရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်ကလည်း ကစယ်ဒိုမြို့နယ်အတွင်း ဝင်းဝကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ကမြိုင်ကျေးရွာအတွင်းကို လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ပုလောက CDM ဆရာမနဲ့ သူရဲ့ခင်ပွန်း သတ်သွားသူတွေကို ဖမ်းဆီးရမိ

တနင်္သာရီတိုင်း ပုလောမြို့နယ်က CDM ဆရာမ ဒေါ်အေးသီအောင်နဲ့ ခင်ပွန်းဖြစ်သူကို သတ်ဖြတ်သွားတဲ့ တရားခံတွေ ဖမ်းဆီးရမိပြီလို့ ကရင်အမျိုးသားအစည်းအရုံး (KNU ) မနေ့ ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း ၁၄ ခုကို PDF တပ်တွေ တိုက်ခိုက်ခဲ့

ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း ၁၄ ခုကို ပြည်သူ့ကာကွယ်ရေးတပ် – PDF တွေက တပြိုင်နက် တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်စခန်းတစ်ခု KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

ကရင်အမျိုးသားအစည်းအရုံး- KNU/KNLA ရဲ့ တပ်မဟာ (၇)နယ်မြေ ဘားအံခရိုင် မဲသဝေါဒေသရှိ စစ်တပ်ရဲ့ ကြယ်ပြောင်ကုန်းစခန်းကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ဂွမြို့နယ်မှာ စစ်ကျန်လက်နက်ကို ဆော့ကစားရာကနေ ပေါက်ကွဲပြီး ကလေးတစ်ဦးသေဆုံး ၂ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် ဂွမြို့နယ်မှာ စစ်ကျန်လက်နက်ကို ဆော့ကစားရာကနေ ပေါက်ကွဲပြီး ကလေးတစ်ဦးသေဆုံးခဲ့တယ်လို့ ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်လာပါတယ်။