ဓာတ်ပုံ- စစ်ကောင်စီ

မိုင်းရူပ၊ မတ်လ ၁၃ ရက်၊ တကောင်း

အမျိုးသား ညီညွတ်ရေးအစိုးရ- NUG နဲ့ ပူးပေါင်းတပ်တွေ ၁ နှစ်ကျော်ကြာ ထိန်းချုပ်ခဲ့တဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းမြို့ကို အလုံးစုံ ပြန်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ကောင်စီက မနေ့ မတ်လ ၁၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

တကောင်းမြို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်မှာ သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာရှိ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ကနေ ထိုးစစ်ဆင် တိုက်ခိုက်လာတာဖြစ်ပြီး မနေ့ မတ်လ ၁၂ ရက်မှာ မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၁ လကျော်ကြာ တိုက်ပွဲအတွင်း တိုက်ပွဲပေါင်း ၈၅ ကြိမ် ဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းမျိုးစုံ ၄၀ သိမ်းဆည်းရမိခဲ့ကာ စစ်တပ်ဘက်ကလည်း ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တကောင်းမြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ စစ်တပ်ဟာ တရုတ်နိုင်ငံပိုင် တကောင်းနီကယ်စက်ရုံရှိတဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ဘက် ထိုးစစ်ဆင်လာနိုင်တယ်လို့ ရွှေဖီမြေကို ပြောပါတယ်။

“ပြည်သူတွေကတော့ အကုန် စစ်ရှောင်နေရတယ်။ စကစဘက်က တကောင်းပြီးတော့ ညောင်းလေးပင်၊ ၃ မိုင်၊ ၄ မိုင်ဘက် ပြန်ဆက်ထိုးနေပါတယ်။ သူတို့ နီကယ်စက်ရုံအထိ ထိုးလာနိုင်တယ်”

ဒါ့အပြင် တကောင်းတိုက်ပွဲမှာ စစ်တပ်ဘက်က ဒရုန်းနည်းပညာ အားသာချက်ကြောင့် တော်လှန်ရေးတပ်တွေဘက်က ထိန်းချုပ်နယ်မြေကို လက်လွှတ်ခဲ့ရတာဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တကောင်းမြို့ကို တော်လှန်ရေးတပ်တွေဘက်က လက်လွှတ်ရတာကြောင့် မန္တလေးတိုင်းထဲက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့အားလုံး စစ်ကောင်စီလက်အောက် ပြန်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

NUG တပ်ဘက်ကတော့ တကောင်းမြို့ကို လက်လွှတ်ခဲ့ရတာနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။