ရွှေဖီမြေ၊ ဧပြီ ၁၄ ရက်၊ ဘားအံ
ကရင်အမျိုးသားအစည်းအရုံး- KNU/KNLA ရဲ့ တပ်မဟာ (၇)နယ်မြေ ဘားအံခရိုင် မဲသဝေါဒေသရှိ စစ်တပ်ရဲ့ ကြယ်ပြောင်ကုန်းစခန်းကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
မနေ့ ဧပြီ ၁၃ ရက် မနက်ပိုင်းက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကျောင်းသားတပ်မတော်- ABSDF က ဒီနေ့ ဧပြီ ၁၄ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ကြယ်ပြောင်စခန်းသိမ်းတိုက်ပွဲကို ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်းမှ ရဲဘော်တွေက KNLA ပူးပေါင်းတပ်ဖွဲ့နဲ့အတူ စစ်ဆင်ရေးမှာ ပါဝင်ဆင်နွှဲခဲ့တာလို့ ဆိုပါတယ်။
ထုတ်ပြန်ထားတဲ့ စခန်းသိမ်းမှတ်တမ်းပုံထဲ လက်နက်ခဲယမ်းတွေ ပါဝင်ပေမဲ့ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်း အရေအတွက်ကိုတော့ အသေးစိတ် ဖော်ပြထားတာ မရှိပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။