ရွှေဖီမြေ၊ မေလ ၇ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က လုံးခင်းကျေးရွာမှာ မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ မေလ ၇ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ လုံးခင်းရွာရဲ့ ဘုန်းကြီးကျောင်း လမ်းခွဲမှာ ထောင်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး အဲဒီပေါက်ကွဲမှုကြောင့်ပဲ ထိခိုက်သေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။

ဒဏ်ရာရရှိသူ ၂ ဦးကလည်း စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ ‌ဖြစ်စဉ်သိရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောဆိုပါတယ်။

၎င်းက “ကလေးငယ်ကတော့ ဝမ်းဗိုက်ထိပြီးတော့ ဆုံးသွားပါပြီ။ ကလေးအမေကတော့ လက်နှစ်ချောင်း ပြတ်သွားတယ်။ သူ့ဦးလေးက ဒဏ်ရာစိုးရိမ်ရတယ်။ ဆေးရုံတင်ထားရတယ်။ အဲဒီမိုင်းကတော့ ထောင်မိုင်းဘဲ။ မနက်က ဆိုင်ကယ်နဲ့ လာရောက်ချထားတာ” လို့ ပြောပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် အသက် ၄ နှစ်ဝန်းကျင်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ဒဏ်ရာအပြင်းအထန်ရရှိသွားသူတွေကတော့ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦးဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ မိုင်းကို ဘယ်သူဘယ်ဝါက လာရောက်ထောင်သွားတယ်ဆိုတာကိုတော့ မသိရဘူးလို့ ၎င်းက ဆက်ပြောပါတယ်။

အလားတူ ဒီနေ့ မနက်ပိုင်းတုန်းကလည်း စစ်ကောင်စီတပ်ဘက်က ဖားကန့်ဗျူဟာကုန်းကနေ လုံးခင်းရွာထဲကို လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၄ ရက်တုန်းကလည်း ဖားကန့်ဗျူဟာကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လုံးခင်းကျေးရွာနဲ့ လယ်ပြင်ကျေးရွာထဲကို လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ မေလ ၇ ရက်မှာ ဖားကန့်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ငြိမ်သက်နေပေမယ့် နှစ်ဖက် စစ်ရေးတင်းမာမှုတွေတော့ ဆက်လက်ရှိနေတယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။