ရွှေဖီမြေ၊ မေလ ၁၁ ရက်၊ မိုင်းလား
“ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA နဲ့ မိုင်းလားတပ်- NDAA တို့ ပူပေါင်းပြီး ကျားဖြန်လုပ်ကိုင်သူ ၇၈ ဦး ဖမ်းဆီးရမိခဲ့ကြောင်း “ဝ”ပြည် တရားစီရင်ရေးကော်မတီ- WSP က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၈ ရက်က မိုင်းလား-တာလော့ နယ်စပ်ဒေသမှာရှိတဲ့ ကျားဖြန်ရုံကို ဝင်ရောက်စီးနင်းရာ တရုတ်နိုင်ငံသားအပါအဝင် မြန်မာနိုင်ငံသား ၇၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အဲဒီထဲက တရုတ်နိုင်ငံသား ၁၀ ဦးကို တရုတ်ထံ လွှဲပြောင်းပေးခဲ့ပါတယ်။
ဒါ့အပြင် ၎င်းတို့ အသုံးပြုတဲ့ ကွန်ပျူတာ ၆၁၁ လုံးနဲ့ လက်ကိုင်ဖုန်း ၅၃၅ လုံးကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၄ ရက်ကလည်း “ဝ”ဒေသဘက် တရားမဝင် ဝင်ရောက်လာကြတဲ့ တရုတ်နိုင်ငံသား ၂၉ ဦးကို တရုတ်ရဲတပ်ဖွဲ့ဘက် လွှဲပြောင်းပေးခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။