‎ရွှေဖီမြေ၊ ဧပြီလ ၃၀ ရက်၊ မူဆယ်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်- မြန်မာနယ်စပ်က မူဆယ်မြို့နယ်မှာ တရားမဝင် နေထိုင်ကြသူတွေနဲ့ ကျားဖြန်လုပ်ကိုင်သူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်‌ကောင်စီက ထုတ်ပြန်ထားပါတယ်။

မူဆယ်မြို့နယ် တော်ရွက်ရပ်ကွက်မှာရှိတဲ့ ကျားဖြန်ရုံကို စစ်ကောင်စီက မနေ့ ဧပြီလ ၂၉ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ပြီး ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၁၂ ဦ အပါအဝင် ၎င်းတို့အသုံးပြုတဲ့ အဆောက်အအုံ၊ စတားလင့်စက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မနေ့ ဧပြီလ ၂၉ ရက် ညနေ ၄ နာရီခွဲမှာလည်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက်အတွင်းရှိ တရားမဝင် ဝင်‌ရောက်နေထိုင်ကြတဲ့ တရုတ်နိုင်ငံသား ၂၆ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်ကလည်း မူဆယ်မြို့နယ် ကောင်းမှုတုံရပ်ကွက်နဲ့ တော်ရွက်ရပ်ကွက်မှာရှိ ကျားဖြန်ရုံကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသားနဲ့ မြန်မာနိုင်ငံသား ၈၀ ကျော်အပါအဝင် ၎င်းတို့အသုံးပြုတဲ့ အဆောက်အအုံ၊ စတားလင့်စက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင် နေထိုင်ကြတဲ့သူတွေနဲ့ ကျားဖြန်လုပ်ကိုင်သူတွေကို စစ်ကောင်စီက အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပြီး ၎င်းတို့နောက်ကွယ်မှာ ပါဝင်ပတ်သက်သူတွေကိုလည်း စိစစ်‌ဖော်ထုတ်ကာ တရားဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။