ဓာတ်ပုံ – စစ်ကောင်စီ

ရွှေဖီမြေ၊ ဧပြီ ၂၈ ရက်၊ တာချီလိတ်

ရှမ်းအရှေ့ တာချီလိတ်မြို့နယ်ထဲက ကျားဖြန်ရုံ ၂ ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် မြန်မာနိုင်ငံသား ၅၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မနေ့ ဧပြီလ ၂၇ ရက် မနက် ၁၁ နာရီမှာ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း လိုမာဟိုတယ်အနီးက ကျားဖြန်ရုံတစ်ခုကို စစ်ကောင်စီ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသား အမျိုးသား ၃ ဦးနဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၆ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မနေ့ ဧပြီ ၂၇ ရက် နေ့လယ်၂ နာရီဝန်းကျင်မှာလည်း ဝိန်းကျောက်ရပ်ကွက်အတွင်းရှိတဲ့ နောက်ထပ် ကျားဖြန်ရုံတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စစ်‌ဆေးခဲ့ရာ ကျားဖြန်လုပ်ကိုင်သူ နောက်ထပ် တရုတ်နိုင်ငံသား အမျိုးသား ၈ ဦးအပါအဝင် ထိုင်ဝမ်လူမျိုး အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂၇ ဦးနဲ့ အမျိုးသမီး ၇ ဦး ထပ်မံဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျားဖြန်လုပ်ကိုင်ရာမှာ အသုံးပြုနေတဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်ကလည်း တာချီလိတ်မြို့နယ် ပန်ကူကျေးရွာအနီးရှိ ကျားဖြန်ရုံကို ဝင်ရောက်စီးနင်းခဲ့ရာ အွန်လိုင်းလိမ်လည်လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၁၂၅ ဦးနဲ့ လာအိုနိုင်ငံသား ၁ ဦးတို့ ဖမ်းဆီးရမိပြီး ၎င်းတို့အသုံးပြုထားတဲ့ လုပ်ငန်းသုံး ဆက်စပ်ပစ္စည်း တွေကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။