ဓာတ်ပုံ – Local (ပုံဟောင်း)

ရွှေဖီမြေ၊ မေလ ၄ ရက်

‎စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါနဲ့ နမ့်လန်မှာ တရုတ်ထုတ်ကုန်ပစ္စည်း တင်ဆောင်တဲ့ ယာဉ်တွေကို ရက် ၁၀၀ စီမံကိန်းအနေနဲ့ စတင်ဖမ်းဆီးနေပြီဖြစ်ကြောင်း ကားသမားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎မနေ့ မေလ ၃ ရက် မနက်မှာ သီပေါနဲ့ နမ့်လန်ရှိ ပြည်ထောင်စုလမ်းမပေါ်မှာ စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာတွေက တရုတ်ထုတ်ကုန်ပစ္စည်းတွေ တင်ဆောင်တဲ့ ကားကြီးနဲ့ ကားသေးတွေကို စတင်ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

‎ကားသမားတစ်ဦးက “အဲကုန်ကားတွေကိုတော့ တားပြီး ရပ်ခိုင်းတာတွေ့‌တယ်။ ကုန်တွေ စစ်တယ်ပေါ့နော်” လို့ ပြောပါတယ်။

‎၎င်းဖမ်းဆီးစစ်ဆေးတဲ့ ကားတချို့တွေကို ငွေယူပြီး ပြန်ပေးသွားတာလည်း တွေ့ခဲ့ရကြောင်း အဲဒီကားသမားက ဆိုပါတယ်။

‎”အရင်ကတည်းက မြို့နယ်တိုင်း ကြားလျှိုကြားလျှို ဖမ်းနေတာတွေ လုပ်နေတာဘဲ။ နာမည်အရ ကြားကောင်းအောင်ပြောတာဘဲ ဖြစ်မယ်။ တကယ် ဖမ်းဆီးအရေးယူတာမှ မဟုတ်တာ။ ငွေယူပြီး လွှတ်နေတာဘဲကို” လို့ ပြောပါတယ်။

‎စစ်ကောင်စီတပ်က တရုတ်ထုတ်ကုန်တွေ ဖမ်းဆီးကြောင်း ဆိုပေမဲ့ ဘယ်ပစ္စည်း အမျိုးအစားကို အရေးယူ ဖမ်းဆီးလဲဆိုတာကိုတော့ တိတိကျကျ ရေးသားဖော်ပြထားတာ မရှိကြောင်း နောက်ထပ် ကားသမား တစ်ဦးက ဆိုပါတယ်။

‎”အခု တရုတ်ကုန် ဖမ်းတယ်ဆိုတာဘဲ ပြောတာ။ လူသုံးကုန်၊ စားသောက်ကုန် အကုန်လုံးကို ပြောတာလား။ ဘာတွေလဲ။ တိတိကျကျ ပြောရင်တော့ ရှင်းတယ်။ အခုဟာက ကျွန်တော်တို့သုံးတဲ့ ပစ္စည်းအများစုက တရုတ် ပစ္စည်းတွေဘဲလေ။ ကုန်တင်ကားတွေက အကုန်အဖမ်းခံရမှာလား။ ဒါမဖြစ်သင့်ဘူးလေ” လို့ ပြောပါတယ်။

‎အလားတူ တရုတ်ထုတ်ကုန်တွေ ဖမ်းဆီးလာတာဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်ကတည်းက ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ တရုတ်ထုတ်ကုန်တွေသာ လူထုတွေက သုံးစွဲအသုံးပြုနေကြတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။