Browsing Tag
Tedim
21 posts
တီးတိန်မြို့နယ်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် အထိအနာများပြီး ကလေးမြို့ဘက် တပ်ပြန်ဆုတ်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ကို ချီတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး အထိနာများလို့ ကလေးမြို့ကို တပ်ပြန်ဆုတ်သွားတယ်လို့ ရှေ့တန်းချင်းစစ်ရေးသတင်းအရစ်မြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
တီးတိန်မြို့နယ်တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိပြီး စစ်ကောင်စီထံက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကလေး-သိုင်းငင်း ကားလမ်းပေါ်က မွှာလ်ပီရွာမှာ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိပြီး စစ်ကောင်စီထံက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်တွေဆီက သိရပါတယ်။
ကလေးမြို့ကနေ ချင်းမြောက်ပိုင်းကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်တပ်တို့ တီးတိန်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေ
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်တို့ တီးတိန်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
တီးတိန်မြို့နယ်မှာ ချင်းတော်လှန်ရေး လက်နက်ကိုင်နှစ်ဖွဲ့ နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်မှာ ချင်းတော်လှန်ရေးနှစ်ဖွဲ့ဖြစ်တဲ့ ချင်းပြည်ကောင်စီ-CC ပူးပေါင်းတပ်နဲ့ ဇိုမီးတော်လှန်ရေးတပ်-ZRA တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးအခြေအနေသိရှိသူ ဒေသခံတွေဆီက သိရပါတယ်။
တီးတိန်မြို့မှာ ကလေးငယ်တွေ ဆော့ကစားနေရင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်၊ ကလေး ၃ ဦး ထိခိုက်ဒဏ်ရာရ
ချင်းပြည်နယ် တီးတိန်မြို့ မြို့မရပ်ကွက်မှာ မနေ့ ဇန်နဝါရီ ၅ ရက် နေ့လယ် ၂ နာရီခန့်က ကလေးငယ်တွေ ဆော့ကစားကြရင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားတာကြောင့် ကလေး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။