တောင်ကြီးမှာ စစ်မူထမ်းဖို့ အတင်းအဓမ္မ ခေါ်ဆောင်သွားခံရသူ တစ်ဦး ရှေ့တန်းမှာ သေဆုံးပြီး ၆ လအကြာမှ မိသားစုထံ အသိပေး၊ စစ်တပ်က ပေးတဲ့ နာရေးစရိတ်ကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဖြတ်စားခဲ့
ရှမ်းတောင် တောင်ကြီးမြို့ လမ်းမတော်ရပ်ကွက်မှာ စစ်မူထမ်း အပတ်စဉ် (၁) မှာ အတင်းအဓမ္မ ခေါ်သွားခံရသူ တစ်ဦး ရှေ့တန်းမှာ သေဆုံးပြီး မိသားစုထံ ၆ လအကြာမှ အကြောင်းကြားလာခဲ့တယ်လို့ တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။