Browsing Tag
Muse
243 posts
မူဆယ်မြို့မှာ အမျိုးသားတစ်ဦး ပြန်ပေးဆွဲခံရ၊ တစ်ပတ်ကျော်အတွင်း လုယက်မှုနဲ့ ပြန်ပေးဆွဲမှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ အမျိုးသားတစ်ဦးကို အမျိုးသား ၃ ဦးက ပြန်ပေးဆွဲသွားပြီး တစ်ပတ်ကျော်အတွင်း လုယက်မှုနဲ့ ပြန်ပေးဆွဲမှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မူဆယ်မှာ ဆိုင်ကယ်လိုက်ခိုးနေတဲ့ အမျိုးသားတစ်ဦးကို ပြည်သူ့စစ်အဖွဲ့က ပစ်ခတ်လို့ ပြင်းထန်ဒဏ်ရာရ
နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ ဆိုင်ကယ်လိုက်ခိုးနေတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က သေနတ်နဲ့ ပစ်ခတ်လိုက်တာကြောင့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ မူဆယ်မြို့ ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မူဆယ်မှာ ပြည်သူ့စစ်အချင်းချင်း ဖြစ်ပွားခဲ့တဲ့ ကားခိုးမှုပြဿနာမှာ ပြည်သူ့စစ်တစ်ဦး ပစ်သတ်ခံရ
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ ပြည်သူ့စစ်အချင်းချင်းကြား ကားခိုးမှုဖြစ်ပွားပြီး ကားခိုးတဲ့ ပြည်သူ့စစ်နှစ်ဦးကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံပြည်သူ့စစ်တချို့က ဖမ်းဆီးရိုက်နှက်ခဲ့တယ်လို့ မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မူဆယ် (၁၀၅) မိုင်မှာ PDF အချင်းချင်း စကားများရာကနေ ဓားထိုးမှုဖြစ်ပွားလို့ တစ်ဦးဒဏ်ရာရ
ညီနောင်မဟာမိတ် (၃) ဖွဲ့ ပူးပေါင်းထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ် (၁၀၅) မိုင်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက အချင်းချင်း စကားများ ရန်ဖြစ်ရာကနေ ဓားထိုးမှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မူဆယ်က ပြည့်တန်ဆာအိမ် အများအပြားထဲမှာမှ ပြည်သူ့စစ်ပိုင် ပြည့်တန်ဆာ လုပ်ငန်းတွေကတော့ လိုင်းကြေးပေးစရာမလိုဘဲ ကင်းလွတ်ခွင့်ရဖို့ တစ်ညကို တစ်ယောက်နှုန်းနဲ့ သက်ဆိုင်ရာကို ဆက်သပေးရ
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ပြည့်တန်ဆာလုပ်ငန်းကို ဖွင့်လှစ်ထားတဲ့ အဆောက်အဦး ၃၉ လုံးက လိုင်းကြေးပေးပြီး လွတ်လွတ်လပ်လပ် ဖွင့်ခွင့်ရနေတဲ့အပြင် ပြည်သူ့စစ်ပိုင် တိုက်ခန်းတွေမှာလည်း ပြည့်တန်ဆာ လုပ်ငန်းကို ဖွင့်လှစ် လုပ်ကိုင်နေကြပြီး လိုင်းကြေးပေးစရာမလိုဘဲ ကင်းလွတ်ခွင့်ရနေကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
မူဆယ်မှာ ကျားဖြန်ရုံအများပြား ကျန်ရှိနေပြီး စစ်ကောင်စီကို သိန်းရာနဲ့ချီ အခွန်ပေးဆောင်ပြီး ဖွင့်လှစ်နေ
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ကျားဖြန်ရုံအများအပြားကျန်ရှိနေပြီး စစ်ကောင်စီနဲ့သူ့ရဲ့လက်အောက်ခံအဖွဲ့တွေကို အခွန်ပေးဆောင်ပြီးဖွင့်လှစ်နေဆဲဖြစ်တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။