ပမူစယ် ခံင်မဝ်းပ်ုန်ဘိူန်းတိုည်း ဖုင်တီုက်ယာႈခံင်မဝ်းကဲနီန် ကဲဟည်ႎီရ်ယံင်းဖါ်ႈ ခေဲင် KTV ကာည်း SPA ဟြီုက်ပဲန်လံပ်ဘြောင်ရိူန်းခြီရ်
ဘိူန်းအယ်တခေါရ်နံပ် မိုႈတ ခံင်မဝ်း Happy water, ရာမ၊ ice ကာည်း K ပ်ုန်ဘိူန်းတိုည်းအူန်း ဖုင်တီုက်ယာႈခံင်မဝ်း စနဲ (22) ပကီုင်းမူစယ် အ်ုန်အီမိုႈကီုင်းကအူရ်နီန် ကဲဟည်ႎီရ်ယံင်းဖါ်ႈ ခေဲင် SPA, KTV ပါ်ဒိုႇဒိုည်ႇကာည်း ယုင်ကတော်အီဒါင်း၊ ယုင်ကတော်အီဒဲႇ ကဲအီဂေါည်ခေဲင်ကီုင်းမူစယ် ဂီုည်ဟြီုက်ဖါ်ႈ ကနာည်အကျိုးတိုကဲအောႏ။