မုံရွာအခြေစိုက် နမခ ဌာနချုပ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရမှုမှာ ဗိုလ်ကြီးအပါအဝင် ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)ကို ရှော့တိုက်ဒုံး ၄ လုံးနဲ့ ပစ်ခံခဲ့ရလို့ ဗိုလ်ကြီးအပါအဝင် ၆ ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို တပ်ကြပ်ကြီးအပါအဝင် ၃ ဦးလည်း ဒဏ်ရာ ရခဲ့တယ်လို့ Brave Warriors for Myanmar- BWM က ပြောပါတယ်။

အရာတော်ဘက် စစ်ကူ သွားတဲ့ စစ်‌ယာဉ်တန်းကို မုံရွာခရိုင် ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ရာ ၁၆ ဦး သေဆုံး

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အခြေစိုက်တဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ အရာတော်မြို့ဘက် စစ်အင်အားဖြည့်ဖို့ သွားတဲ့ စစ်ယာဥ်တန်းနဲ့ စစ်ကြောင်းကို မုံရွာ-အရာတော် လမ်းပိုင်းတစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၆ ဦး သေဆုံးခဲ့ပါတယ်။