လားရှိုးမှာ ကျောင်းဆရာမတစ်ဦးက ကားတိုက်ခံရပြီး သေဆုံး၊ ကားသမား ထွက်ပြေးလွတ်မြောက်နေ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ မန်ဆူဘုရားအနီးက Happy Time အရှေ့မှာ ကျောင်းဆရာမတစ်ဦးက ကားတိုက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့ပေါ်ရှိ မဟာဗောဓရုံ ကျောင်းတိုက်က ဘုန်းကြီးတစ်ပါးကို လူတစ်စုက ဝင်ရောက်သတ်ဖြတ်

စစ်ကောင်စီတပ်ပြန်လည်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့‌ပေါ်ရှိ မဟာဗောဓရုံကျောင်းတိုက်က ဘုန်းကြီးတစ်ပါး အသတ်ခံရတယ်လို့ ဖြစ်စဉ်သိရှိသူအမျိုးသားတစ်ဦးက ပြောပါတယ်။

လားရှိုးက ရပ်ကွက်တချို့မှာ စစ်ကောင်စီတပ်က အသက်ပြည့်တဲ့ လူငယ်စာရင်းတွေ လိုက်ကောက်၊ စစ်မှုထမ်းကောက်ဖို့လည်း ပြင်ဆင်နေ

ရှမ်းမြောက် လားရှိုးမြို့ထဲက ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က အသက်ပြည့်ပြီးတဲ့ လူငယ်တွေရဲ့ စာရင်းတွေကို လိုက်ကောက်နေတယ်လို့ လားရှိုးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ ကားတွေ ဆက်တိုက် ခိုးယူခံနေရပြီး စစ်ကောင်စီဘက်က အရေးယူပေးခြင်းမရှိဘူးလို့ဆို

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ မြို့ခံတွေ ကားဆက်တိုက် ခိုးယူခံနေရပြီး စစ်ကောင်စီဘက်က အရေးယူပေးခြင်းမရှိဘူးလို့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ပလာဆေဝ် ဟည်ပဲန်ဘိုးဘျုင်ပဒူႈ ကဲစေတ်မေန်းကဆဝ်းလံပ်ကတ်ုမ်နီန်

‎ဘိူန်းနံပ်တောပ်ဘည်က္လာင်း တိုအီးအရာပ်ကဲ ဒီဘိူန်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲတထိင်ခြဲ ခေဲင်ကီုင်းလာဆေဝ်နီန် ဟည်ပဲန်ဘိုးဘျုင်ပဒူ;ဟာဝ်းအောႏ။

လားရှိုးမှာ ဗုံးပေါက်ကွဲမှုထပ်ဖြစ် လုံခြုံရေးတင်းကြပ်ပြီး စစ်ဆေးနေ

‎စစ်‌ကောင်စီတပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ ဗုံးပေါက်ကွဲမှုထပ်ဖြစ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

တံပ်ကိုကာင်ကဲဇူ;ဒါပ ကပုဆဘောက္လိုတ်ဗီရ် ကံပ်ရောတ်ပ 9 မဲင်၊ ဂေတ်အ်ုန်အီဂေါည်ရီမ်းပြောလာဆေဝ် ဂေတ်မယ်ဟန်မာ် MNDAA ကဲဟည်ခ္လါည်း

ကပုဆဘော ပ်ုန်လည်ဘိဟာဝ်း တံပ်ကညာအာဏာဆီုက်ဇေဝ် ကာည်း MNDAA ကဲ လှေအ်ုန်အီကတူည်,ဒဲ; ကီုင်းလာလာဆေဝ် ကာည်း ကီုင်းဆဘောနီန် ကဲဒါ;တံပ်ကိုကာင်ကဲ ဟည်က္လိုတ်ဗီရ်ဒါ,အ်ုန်အော။

သီပေါတံတားကနေ ၉ မိုင်လမ်းခွဲအထိ ကိုးကန့်တပ် ပြန်ဆုတ်၊ လားရှိုးအနီး မယ်ဟန်ရွာမှာရှိတဲ့ ဂိတ်ကိုလည်း MNDAA ဖယ်ရှား

စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် MNDAA အကြား အပြန်အလှန်ပိတ်ထားခဲ့တဲ့ ရှမ်းမြောက် လားရှိုး- သီပေါမြို့ကို ဆက်သွယ်ထားတဲ့ သီပေါတံတားကနေ ကိုးကန့်တပ်တွေ ဆုတ်ခွာသွားပြီလို့ သိရပါတယ်။

လားရှိုးမြို့ပြင် မယ်ဟန်ရွာက ကိုးကန့်တပ်တွေ တပ်ပြန်ဆုတ်နေ

ဒီနေ့ မနက် ဇန်နဝါရီ ၁ ရက်မနက်ပိုင်းစပြီး ရှမ်းမြောက် ရှမ်းမြောက် လားရှိုးမြို့ပြင် မယ်ဟန်ရွာကနေ ကိုးကန့်တပ်မတော်- MNDAA တပ်တွေ တပ်ပြန်ဆုတ်နေတယ်လို့ မယ်ဟန်ရွာမှာရောက်ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ ရွေးကောက်ပွဲလုပ်ပြီး နောက်တစ်ရက် စစ်ကောင်စီနဲ့ ကိုးကန့်တပ် ထပ်မံတွေ့ဆုံ

ရှမ်းမြောက် လားရှိုးမြို့မှာ ရွေးကောက်ပွဲပြုလုပ်ပြီးနောက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်မှာ စစ်ကောင်စီအဖွဲ့နဲ့ ကိုးကန့်တပ်မတော် MNDAA တို့ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။