ကျောက်မဲက လုံကြိမ်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ ဒေသခံ၂ ဦး သေဆုံး

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ် လုံကြိမ်ကျေးရွာမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်မဲမြို့ ဝါဆိုကျောင်းအနီးကို စစ်ကောင်စီဗုံးကြဲ၊ ကိုရင် ၃ ပါးထိခိုက်ဒဏ်ရာရပြီး နေအိမ် ၂၀ ထက်မနည်း ပျက်စီး

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ ဝါဆိုကျောင်းအနီးကို စစ်ကောင်စီဗုံးကြဲခဲ့ရာ ကိုရင် ၃ ပါးထိခိုက်ဒဏ်ရာရပြီး နေအိမ် ၂၀ ထက်မနည်း ပျက်စီးခဲ့ပါတယ်။

ကျောက်မဲမြို့နယ် နောင်ပိန်ရွာတိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ကောင်စီဘက် သေဆုံးမှုများပြီး စစ်အင်အား ထပ်ဖြည့်တင်းနေ

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှာ သေဆုံးမှုများ ဖြစ်ပေါ်သလို စစ်အင်အားတွေကိုလည်း ထပ်ဖြည့်တင်းနေတယ်လို့ သိရပါတယ်။

ကျောက်မဲက ကွန်စလမ်းရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရမှုမှာ ကလေး ၁ ဦး သေဆုံးပြီး သံဃာ ၂ ပါး ဒဏ်ရာရ

တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့က ကွန်စလမ်းကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာက ကလေးတစ်ဦး သေဆုံးပြီး သံဃာ ၂ ပါး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲအထိ စစ်ကောင်စီတပ်တွေရောက်လာပြီး မရှောင်နိုင်လို့ အိမ်ထဲကျန်ခဲ့တဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းဟာ နောင်ပိန်ကျေးရွာထဲအထိ ရောက်လာလို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

နောင်ပိန်တိုက်ပွဲကြားမှာ ကလေးငယ်တွေအပါအဝင် ပိတ်မိနေသူတွေရှိနေပြီး ကူညီကယ်ဆယ်ဖို့ လိုအပ်နေ

တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ် နောင်ပိန်ရွာ ဘူတာရပ်ကွက် (၄) ထဲမှာ ကလေးငယ်အပါအဝင် ဒေသခံ ၆ ဦး ပိတ်မိနေပြီး အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

ကျောက်မဲမြို့နယ် ကွန်စလမ်းကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲ၊ ဘုန်းကြီးကျောင်းဆောင်အားလုံးနီးပါး ပြာကျ၊ ထိခိုက်သေဆုံးမှုများနိုင်

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် ကွန်စလမ်းကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ ရွှေဖီမြေက သိရပါတယ်။

တိုအီး အီႎဲႈဖေးႎဲႈနာန်း ကာည်း အီကတူးဖေးနောင်ပိန်ကဲ ကနာည်း 70 အီနီန် လိုကဇောည်ကနဲတ်ကမှည်

ဂေါႇပ္လေါည်ကတီုက်ကပဴင် ခနားတံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ကာည်း တံပ်ဆီုက်တအာင်း TNLA ကဲ တိုအီး အရာပ် အီႎဲႈဒေဲး ဖေးဆီုက်ဖေးနာန်း ယိူဝ်ႇကဒါႇလှံင်မာဝ်းႎံင်း ရဝ်နောင်ပိန် ကဲအီရောတ် ခေဲင်ကီုင်းလာဆေဝ် 70 အီးနီန် လိုကနဲတ်ကမှည် ပ်ုန်ဟောမ်ပ်ုန်ဟာပ်နီန်။

နောင်ပိန်ရွာထဲ စစ်တပ်က လက်နက်ကြီးနဲ့ဒရုန်းအပြင် လေကြောင်းကနေ တိုက်ခိုက်လို့ နေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီး

ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာထဲ စစ်တပ်က လက်နက်ကြီးနဲ့ဒရုန်းအပြင် လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ နေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

နောင်ပိန်က ဒဏ်ရာရသူနဲ့စစ်ရှောင် ၇၀ ခန့်အတွက် အရေးပေါ်အကူအညီ လိုအပ်နေ

တအာင်းတပ်မတော်- TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာကနေ လားရှိုးမြို့ထဲ စစ်ရှောင်လာတဲ့ ဒေသခံ ၇၀ နီးပါးအတွက် စားနပ်ရိက္ခာ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။