ဖားကန့်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်လို့ ဒေသခံ ၃ ဦးသေပြီး ၁၀ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်လို့ ဒေသခံ ၃ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကာမိုင်းဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ‌တပ်ဖွဲ့ဝင်တွေ ဖားကန့် ရောက်ရှိ၊ လမ်းတစ်လျှောက် ဒေသခံ ၅ဦးကို ပစ်သတ်ခဲ့

ကာမိုင်းဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ‌တပ်ဖွဲ့ တွေ မနေ့ မေလ ၂၉ ရက်နေ့ ညနေပိုင်းမှာ ဖားကန့်ကို ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့် လုံးခင်း၊ လယ်ပြင်ဘက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကာင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်နေ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ဘက်မှာ မနေ့ မေလ ၂၇ ရက်နေ့ ညပိုင်းကစ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်လမ်း ဆိုင်းဖရာရွာမှာ ကလေးငယ် ၂ ဦး လက်နက်ကြီးကျည် ကောက်ဆော့ရာက ပေါက်ကွဲပြီး သေဆုံး

ဖားကန့်လမ်း ဆိုင်းဖရာရွာမှာ ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ ညနေပိုင်းက ကလေးငယ် ၂ ဦး လက်နက်ကြီးကျည် ကောက်ဆော့ရာက ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။

ဖားကန့်မြို့နယ် လယ်ပြင်ကနေ ၅မိုင်၊ ၆ မိုင်ဘက် အင်အားဖြည့်လာတဲ့ စကစ နဲ့ KIA ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ပွဲ ဖြစ်နေ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ဘက်ကနေ ၅ မိုင်၊ ၆ မိုင်ဘက် အင်အားဖြည့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ နဲ့ KIA ပူးပါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံတွဆီက သိရပါတယ်။

ဖားကန့်ဘက် စစ်ကြောင်း ထိုးလာနေတဲ့ ကပ်မှော်စွပ်ရောက် စစ်ကောင်စီတပ်ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

ကချင်ပြည်နယ် ဖားကန့်ဘက် စစ်ကြောင်း ထိုးလာနေတဲ့ ကပ်မှော်စွပ်ရောက် စစ်ကောင်စီတပ်ကို မနေ့ မေလ ၁၇ ရက်မှာ ကချင်တပ်မတော်- KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖားကန့်မှာ အမျိုးသားတစ်ဦး ဓားနဲ့ ထိုးသတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်တောင်မှာ အမျိုးသားတစ်ဦး ဓားနဲ့ ထိုးသတ်ခံခဲ့ရတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့်လမ်း နန့်ယားအနီးအထိ စစ်ကောင်စီ တပ်ဖွဲ့ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာ

ကချင်ပြည်နယ်၊ ဖားကန့်လမ်း နန့်ယား အနီးအထိ မေလ ၂ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့ တွေ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

စစ်ကောင်စီက ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလ တိုးမြှင့်ပြီးနောက် ဖားကန့်ဘက် ထိုးစစ်ဆင်လာ

စစ်ကောင်စီဘက်က ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလ တိုးမြှင့်ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့က ဖားကန့်လမ်းဘက် ထိုးစစ်ဆင်လာကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖားကန့်မြို့နယ် လဝါးရွာက စစ်ရှောင်တွေ အရေးပေါ် ဆေးဝါးနဲ့ အစားအသောက် လိုအပ်နေ

ကချင်ပြည်နယ် တနိုင်း-လီဒိုလမ်းမပေါ်ရှိ ဖားကန့်မြို့နယ် လဝါးရွာက စစ်ဘေးရှောင် ၅ဝဝ ကျော်အတွက် အရေးပေါ် ဆေးဝါးနဲ့ အစားအသောက် လိုအပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။