ဖလမ်းမြို့အနီးမှာ အင်အား ၃၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်ရဲ့ လက်နက်တချို့လည်း သိမ်းဆည်းရမိ

ချင်းညီနောင်အဖွဲ့သိမ်းပိုက်ထားတဲ့ ချင်းပြည် ဖလမ်းမြို့အနီးမှာ အင်အား ၃၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ထိတွေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖလမ်းမြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာ စစ်ကောင်စီ စစ်ကြောင်း ရောက်ရှိလာ

ချင်းညီနောင် (CB) သိမ်းပိုက်ထားတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာ အင်အား (၃၀၀) ကျော်ပါတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေ ရောက်ရှိနေပြီလို့ ရှေ့တန်းစစ်ရေးသတင်းမြစ်တွေက ရွှေဖီမြေသို့ ပြောပါတယ်။

ဖလမ်းမြို့နယ်မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း အိန္ဒိယဘက် ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်သုံ့ပန်းတွေကို စစ်ကောင်စီထံ ပြန်လွှဲပေး

ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ ချင်းတော်လှန်ရေးအချင်းချင်း ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း အိန္ဒိယဘက် ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်သုံ့ပန်းတွေကို အိန္ဒိယစစ်တပ်က စစ်ကောင်စီထံ ပြန်လွှဲပြောင်းပေးခဲ့တယ်လို့ ချင်းစစ်ရေးသတင်းအရင်းမြစ်ဆီက သိရပါတယ်။

ရိဒ်ခေါဒါရ်တိုက်ပွဲတွင်း မီဇိုရမ်ဘက် သေနတ်ကျည်တွေ ကျရောက်ပါက မြန်မာစစ်ဘေးရှောင်တွေကို နှင်ထုတ်မယ်လို့ သတိပေး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့ တိုက်ပွဲတွင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက် သေနတ်ကျည်ဆန်တွေ ကျရောက်ပါက ချင်းစစ်ဘေးရှောင်တွေကို နှင်ထုတ်သွားမယ်လို့ ဒေသတွင်းအာဏာပိုင်တွေက သတိပေးလိုက်ပါတယ်။

ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မှာ CDF-Hualngoram နဲ့ CNDF တို့ ပစ်ခတ်မှုဖြစ်ပွား

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဟွာငိုးရမ်) နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့ မနေ့ ဇူလိုင်လ ၃ ရက်နေ့က နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင့် ဒေသခံတွေဆီက သိရပါတယ်။

‎ဖလမ်း မြို့သိမ်းတိုက်ပွဲအတွင်း ခြေလက်‌ဆုံးရှုံးသွားတဲ့ ရဲဘော်တွေ ခြေတုလက်တု တပ်ဆင်ပေးနိုင်ဖို့ အကူအညီ လိုအပ်နေကြောင်း CNDF ပြော

ချင်းပြည်နယ် ဖလမ်း မြို့သိမ်းတိုက်ပွဲမှာ ခြေလက်ဆုံးရှုံးသွားတဲ့ ရဲဘော်တွေကို ခြေတုလက်တု တပ်ဆင်ပေးနိုင်ဖို့ ငွေကြေးအကူအညီ လိုအပ်နေကြောင်း ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့- CNO/ CNDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း တင်မီထွဋ်က ရွှေဖီမြေကို ပြောပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၃၁၆ ဦးကို CNO/CNDF က ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး ကျန်းမာရေးကုသမှုတွေ လုပ်ဆောင်ပေးနေ

ချင်းပြည်နယ် ဖလမ်းမြို့သိမ်း တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၃၁၆ ဦးကို စစ်သုံ့ပန်း ဥပဒေနဲ့ အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး ကျန်းမာရေး ကုသမှုတွေ လုပ်ဆောင်ပေးနေတာတွေ ရှိတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ရွှေဖီမြေကို ပြောပါတယ်။

ဖလမ်းမြို့နယ် ဝေဘူလမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၆ ဦးဒဏ်ရာရရှိ

ချင်းတော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

၅ လကြာ ထိုးစစ် ဆင်ခဲ့ရတဲ့ ဖလမ်း မြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ၈၉ ဦး ကျဆုံး

ချင်းညီနောင်- CB နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ၅ လကြာ ထိုးစစ် ဆင်ခဲ့ရတဲ့ ချင်းပြည်နယ် ဖလမ်းမြို့သိမ်း စစ်ဆင်ရေးအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ရဲမေ ၈၉ ဦး ကျဆုံးခဲ့ပါတယ်။

ဖလမ်းမြို့ကို AA ရဲ့ လက်နက်ခဲယမ်းနဲ့ စစ်ရေးဆိုင်ရာ အကြံဉာဏ် ပံ့ပိုးမှုတွေကြောင့် ချင်းညီနောင် ပူးပေါင်းတပ်တို့ သိမ်းပိုက်ရရှိ

ချင်းပြည်နယ် ဖလမ်းမြို့ကို အာရက္ခတပ်တော်- AA ရဲ့ လက်နက်ခဲယမ်းနဲ့ စစ်ရေးဆိုင်ရာ အကြံဉာဏ် ပံ့ပိုးမှုကြောင့် သိမ်းပိုက်ရရှိခဲ့တယ်လို့ ချင်းညီနောင်က ဒီနေ့ ဧပြီ ၉ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။