အရပ်သားတွေ ဆေးကုနေကြတဲ့ မြောက်ဦးမြို့ ဆေးရုံကြီးပေါ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၃၁ ဦးသေဆုံး၊ ၆၀ ကျော် ဒဏ်ရာရ
အရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည် မြောက်ဦးမြို့ ဆေးရုံကြီးပေါ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးကုနေတဲ့ ဒေသခံ ၃၁ ဦးသေဆုံးခဲ့ပြီး ၆၀ ကျော် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဦးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။