The Latest
လားရှိုးမြို့ထဲ လက်နက်အပြည့်အစုံနဲ့ စစ်ကောင်စီ ယာဉ်တန်း အစီးရေ ၁၅၀ ကျော် ဝင်ရောက်လာပြီဖြစ်
ဒီနေ့ ဧပြီ ၂၂ ရက် မနက် ၈ နာရီခွဲကစပြီး တန့်ယန်းလမ်းဘက်ကနေ လားရှိုးမြို့ထဲ စစ်ကောင်စီယာဉ်တန်း ဆက်တိုက် ဝင်လာနေပြီး လက်ရှိအချိန်ထိ လက်နက်အပြည့်အစုံနဲ့ စစ်ကောင်စီယာဉ်တန်း အစီးပေါင်း ၁၅၀ ကျော် ရှိလာပြီဖြစ်တယ်လို့ မြေပြင်ရှိဒေသခံတွေက ပြောဆိုပါတယ်။
ပုဇွန်မြောင်းရွာမှာ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို Fire Dragon တပ်ဖွဲ့က တိုက်ခိုက်လို့ ၃ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းရွာဘက် စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို Fire Dragon တော်လှန်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က အရာရှိအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ဒဏ်ရာ ရခဲ့ပါတယ်။