The Latest
လားရှိုးကို စစ်ကောင်စီထံ လွှဲပြောင်းဖို့ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို စစ်ကောင်စီနဲ့ ကိုးကန့်တပ်က ကျေးဇူးတင်ကြောင်း တရုတ်ပြော
ကိုးကန့်တပ်မတော်- MNDAA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်ထံ လွှဲပြောင်းဖို့ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို စစ်ကောင်စီနဲ့ ကိုးကန့်တပ်က ကျေးဇူးတင်ကြောင်း တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၇ ဦး ဒဏ်ရာရ
ရှမ်းတောင် ဖယ်ခုံမြို့နယ် ခေါင်းအိရွာသစ်မှာ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ် ၃ ဦးအပါအဝင် အရပ်သား ၇ ဦး ဒဏ်ရာ ရခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။
ပလက်ဝမြို့နယ်မှာ ခူမီးအမျိုးသမီးတစ်ဦးကို အဓမ္မ ပြုကျင့်ပြီး ရေနစ်သတ်ဖို့ကြံစည်သူ AA တပ်ဖွဲ့ဝင်နှစ်ဦးကို ပွင့်လင်းမြင်သာမှုရှိအောင် အရေးယူပေးဖို့ GKO တောင်းဆို
ချင်းပြည်နယ် ပလက်ဝမြို့နယ် စိမ်းစင်းကျေးရွာက ခူမီးအမျိုးသမီးတစ်ဦးကို အဓမ္မ ပြုကျင့်ပြီး ရေနစ်သတ်ဖို့ ကြံစည်ခဲ့တဲ့ အာရက္ခတပ်တော်- AA ရဲ့ အရာရှိတစ်ဦးနဲ့ ရဲဘော်တစ်ဦးကို ပွင့်လင်းမြင်သာမှုရှိအောင် အရေးယူဆောင်ရွက်ပေးဖို့ ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း- GKO က တောင်းဆိုလိုက်ပါတယ်။
တောင်းခမ်းမှာ စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို DPLA နဲ့ ပူးပေါင်းတပ် ကြားဖြတ်တိုက်ခိုက်
တအာင်းတပ်မတော်- TNLA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းရွာဘက် စစ်ကူဖို့လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဓနုတပ်တော်- DPLA တည်ထောင်သူ ကိုထွန်းထွန်းနိုင်က ရွှေဖီမြေကို ပြောပါတယ်။