The Latest
Junta Airstrikes Killed 75 Residents in TNLA-Controlled Region within Five Months
Junta airstrikes killed 75 civilians, including nine children, and injured 112 civilians, including 18 children, in regions controlled by the Palaung State Liberation Front/Ta’ang National Liberation Army (PSLF/TNLA) within the past five months, according to a statement released by the Ta’ang Civil Society Network (TCSN) on June 9.
ပုလဲမြို့နယ် ပစ်ချခံရတဲ့ ဂျက်ဖိုက်တာအပျက်အစီးဓာတ်ပုံ PLA ထုတ်ပြန်၊ စက်ချို့ယွင်းပြီး ပျက်ကျတာလို့ စစ်ကောင်စီ တုန့်ပြန်
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ ပစ်ချခံရတဲ့ ဂျက်ဖိုက်တာလေယာဉ်ရဲ့ အပျက်အစီးပုံကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLAက ထုတ်ပြန်ခဲ့ပြီး လေယာဥ်မှူး သေဆုံးနိုင်ခြေများကြောင်း PLA ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ရွှေဖီမြေကို ပြောပါတယ်။
ကော့ကရိတ်နယ်မှာ ဗုံးကြဲခံရလို့ ကလေး ၃ ဦးအပါအဝင် ၅ ဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရ
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ ကော့ကရိတ်မြို့နယ်က နေအိမ်စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ ကလေး ၃ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ကလေး ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း ကော့ကရိတ်ရှိ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
ကောလင်းမြို့နယ် ဖလဲရွာကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ဖလဲရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ကောလင်းခရိုင် တပ်ရင်း (၁) မှ တာဝန်ရှိ ရဲဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလို့ စစ်ကောင်စီဘက်က သေဆုံးမှုရှိ၊ လက်ဖက်ရည်ဆိုင်မှာလည်း စစ်ကောင်စီတပ်သား ၂ ဦး ပစ်သတ်ခံရ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မနေ့ ဇွန်လ ၉ ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားလို့ စစ်ကောင်စီ ဘက်က သေဆုံးမှုရှိတဲ့အပြင် လက်ဖက်ရည်ဆိုင်မှာလည်း တပ်သား၂ ဦး ပစ်သတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။