The Latest
ကလေးမြို့နယ် သံဖိုရွာမှာ လေကြောင်းကနေ ဗုံးကြဲခံရလို့ ကလေးအပါအဝင် ချင်းလူမျိုး ၄ ဦး သေဆုံး
စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း သံဖိုကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လသားအရွယ် ကလေးတစ်ဦးအပါအဝင် ချင်းလူမျိုး ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံချင်းအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ကလေးမြို့နယ် ကဗ္ဗနီမြစ်ကူးတံတားက စစ်တပ်စခန်း သိမ်းပိုက်ခံရ၊ ချင်းကာကွယ်ရေးတပ်ဘက်က ၅ ဦးနဲ့ PDF တစ်ဦး ကျဆုံး
စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်မှာရှိတဲ့ ကဗ္ဗနီ မြစ်ကူးတံတားက စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းကာကွယ်တပ်နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
စစ်ကောင်စီတပ် ဗုံးကြဲလို့ KNU ထိန်းချုပ်နယ်မြေက ဒေသခံ ၃ ဦး ထိမှန်သေဆုံး
ကရင်အမျိုးသားအစည်းအရုံး- KNU/KNLA ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးသထူ(သထုံ)ခရိုင် ကျိုက်ထိုမြို့မှာ တိုက်ပွဲ ဖြစ်ပွားတာမရှိပဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၃ ဦး ထိမှန်သေဆုံးခဲ့တယ်လို့ KNU က မနေ့ ဖေဖော်ဝါရီ ၁၃ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။