ကျောက်မဲ – မိုးကုတ် လမ်းပိုင်းရှိ ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ် ဗုံးကြဲ၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ဒီနေ့ စက်တင်ဘာ ၄ ရက် တစ်ရက်ထဲမှာတင် စစ်ကောင်စီတပ်က တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ – မိုးကုတ်လမ်းပိုင်းပေါ်ရှိ ကျေးရွာ ၂ ရွာကို ဗုံးကြဲတိုက်ခိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ကြီးမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးအပါအဝင် ၈ ဦးသေဆုံး

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ စိုးမိုးထားတဲ့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ အမှတ် (၂) စစ်ဆင်‌ရေးနယ်မြေမှ ထုတ်ပြန်ထားပါတယ်။

ကျောက်မဲက ပန်ကွမ်ရွာဘုန်းကြီးကျောင်း ဗုံးကြဲခံရ

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်ကျောက်မဲမြို့နယ် ပန်ကွမ်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Junta Airstrike Hits IDP Camp in Western Demoso

A junta airstrike on an internally displaced person (IDP) camp in western Demoso Township, Karenni State, injured three displaced people, according to sources in the camp.

ပရဝ်ဘော်ကြို ကတူႈဖါ်ႈအီးဒေဲႈပျောႈပ္လေ လကောန်အီမာည်း 1အီး၊ လလူလေဲဝ်ဟာဝ်း ဂါင်ဂေါည် 2ကြောင်

ကောန်အီမာည်းအူအီး က္လာင်းတဆျှိုည်ဖီမျေဒါႈ ဂေါႇမိုႈတံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဒေဲႈပျောႈဟာဝ်းပ္လေ ပရဝ်ဘော်ကြို လှံင်ဆဘော ကပီုန်ဆျှံမ်ကဒါႇပိူည် အ်ုန်အီမိုႈ ဒီပ်ုန်ထိင်ခြဲအူန်း တံပ်ဆီုက်တအာင်း – PSLF/TNLA ကဲ စီပဲန်လဘာတ်ဟာဝ်း ကောန်အီမာည်း 1အီးအောႏ။

နမ္မတူမှာ ယာဥ်တိုက်မှုဖြစ်ပြီး ဆိုင်ကယ်သမား ၂ ဦး သေဆုံး

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူမြို့နယ် ၁၂ မိုင်ကုန်းမှာ ကားနဲ့ ဆိုင်ကယ် တိုက်မိဖြစ်ပြီး ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၂ ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

နောင်တခီးကျေးရွာက စာသင်ကျောင်း ဗုံးကြဲခံရမှုမှာ ကလေး ၁ ဦး၊ ဆရာ ဆရာမ ၂ ဦး ထိမှန်ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ ဖားအံခရိုင် ပိုင်ကျုံ(တာကရယ်) မြို့နယ် နောင်တခီးကျေးရွာမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဒီနေ့ စက်တင်ဘာလ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဘော်ကြိုရွာမှာ ဗုံးကြဲခံရပြီး အမျိုးသား ၁ ဦး ထိမှန်၊ နေအိမ် ၂ လုံးလည်း ပျက်စီး

တအာင်းတပ် PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့နယ် ဘော်ကြိုကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၁ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

TNLA ထိန်းချုပ်ဒေသမှာ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြာင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးတွေကြောင့် အရပ်သား ၅၇ သေဆုံး

ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်ကနေ ၃၀ ရက်အထိ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် တအာင်းတပ် TNLA ထိန်းချုပ်ဒေသက ကလေး ၅ ဦးအပါအဝင် အရပ်သား ၅၇ ဦး သေဆုံးပြီး ၆၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

ကျောက်မဲမြို့နယ် နောင်ပိန်ရွာနဲ့ ဂုတ်တွင်းအနီး တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာနဲ့ ဂုတ်တွင်းအနီးမှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်- TNLA အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။