ဗန်းမောက်မြို့အနီး တိုက်ပွဲ ဆက်လက်ဖြစ်ပွါးနေပြီး စစ်ကောင်စီရဲ့ ကာကင်းတချို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိထား
ကချင်ပြည်နယ် အစပ်ရှိ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့အနီး ဒီနေ့ စက်တင်ဘာ ၁၈ ရက်နေ့အထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွါးနေပြီး စစ်ကောင်စီရဲ့ ကာကင်းတချို့လည်း သိမ်းပိုက်ရရှိထားကြောင်း တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။