သိန္နီမြို့ထဲ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ဝင်ရောက်လာမယ်လို့ သတင်းထွက်တဲ့နေ့စွဲ ရောက်လာပေမယ့် ဝန်ထမ်းတွေ ဝင်ရောက်လာခြင်းမရှိ
ကိုးကန့်တပ် – MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ထဲကို ဒီနေ့ စက်တင်ဘာ ၁၉ ရက်မှာ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လည်ဝင်ရောက်လာမယ်လို့ သတင်းထွက်ထားပေမယ့် အဲဒီဝန်ထမ်းတွေ ဝင်ရောက်လာတာမရှိသေးဘူးလို့ ရွှေဖီမြေရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။