တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဂီုည်ထိုးဟာဝ်းခေဲင်ကီုင်းမာဝ်းႎံင်းနီန် ကနာည်နှာင်းဘိူန်း၊ ဟည်ပျောႈကစံပ်ဘိုးဘျုင်နီန် ဟောည်ႇဒီန် ပ္လေါည်ကတီုက်ကပဴင်မာ် ဟည်ရောတ် ရီမ်းပြောရဝ်စခန်းသာ

ကဝ်အီဂေါည်ခေဲင်ပ္လေါည်ကတီုက်ကပဴင်ကဲ က္လာင်းဒါႈ တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဂီုည်ထိုးဟာဝ်းခေဲင်ကီုင်းမာဝ်းစႎံင်းနီန် ကနာည်နှာင်းဘိူန်းကဲ ဆဲႈဒီန် ဂီုည်ဒါဘိုးယာန်ပ်ုရ် ပျောႈဟာဝ်းဘျုင်အောႏ။

ကျောက်မဲမှာ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သက်ကြီးရွယ်အို အမျိုးသား ၁ ဦး သေဆုံး၊ လေကြောင်းနဲ့ဒရုန်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာနိုင်လို့ သတိထားဖို့ လိုအပ်နေ

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့အနီး ပါပုတ်ကျေးရွာထဲ စစ်ကောင်စီတပ်က ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

ကွတ်ခိုင် နမ့်ခိုင်ရေချောင်းထဲ အမျိုးသမီး ၁ ဦး ခြေချော်ကျပြီး ရေထဲ မျှောပါပျောက်ဆုံးနေ

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ် မန်ပိန်းကျေးရွာနေ အမျိုးသမီးတစ်ဦးက နမ့်ခိုင်ရေချောင်းကိုဖြတ်ဖို့ လုပ်နေစဉ် တံတားပေါ်မှာ ခြေချော်ပြီး ရေထဲ မျှောပါပျောက်ဆုံးသွားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

တရုတ်စာသင်တဲ့ ဆရာမကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ တပ်သားနှစ်ဦးကို MNDAAက သေဒဏ်စီရင်

ကိုးကန့်တပ် – MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့က တရုတ်စာ ဆရာမတစ်ယောက်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူ ၂ ဦးကို ဒီနေ့ စက်တင်ဘာ ၂၆ ရက်မှာ ကိုးကန့်တပ်က သေဒဏ်စီရင်ခဲ့တယ်လို့ သိန္နီမြို့ခံတစ်ဦးက ဆိုပါတယ်။

နောင်ချိုမှာ ကလေးတစ်ဦး ခြံရှင်းရာကနေ မိုင်းခုတ်မိလို့ ဒဏ်ရာရ

ရှမ်းမြောက် နောင်ချိုမြို့နယ် နားရှိုးကျေးရွာမှာ ကလေးတစ်ဦး ခြံရှင်းရာကနေ မိုင်းခုတ်မိပြီး ဒဏ်ရာရရှိခဲ့တယ်လို့ မိသားစုဝင်နဲ့နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တန့်ဆည်မြို့နယ် ကံထူးမရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ဦးအပါအဝင် ၈ ဦးသေဆုံး

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကံထူးမရွာ အနောက်ခြမ်း အိုင်လျှားရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

လားရှိုးမှာ ပိုင်ရှင်မဲ့ အမျိုးသားအလောင်း ၁ လောင်းတွေ့၊ ၁ လအတွင်း ပိုင်ရှင်မဲ့အလောင်း ၃ လောင်းတွေ့ရှိထား

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ ပိုင်ရှင်မဲ့ အမျိုးသားအလောင်း ၁ လောင်းထပ်မံတွေ့ပြီး တစ်လအတွင်း ပိုင်ရှင်မဲ့ အလောင်း ၃ လောင်းတွေ့ရှိခဲ့တယ်လို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကျောက်မဲထိုးစစ်မှာ အသက်(၁၆)နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ သားအမိ ၃ ဦးလုံး ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်

ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာအနီးရှိ လယ်ယာမှာရှိတဲ့ တဲအိမ်ထဲမှာ ပစ်သတ်ခံရပြီး သေဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မနန်းလို့ အမည်လွှဲထားတဲ့ အမျိုးသမီးငယ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်ဗလာနဲ့ ဖြစ်နေပါတယ်။

ရွာငံမှာ မြေပြိုလို့ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်အပါအဝင် စစ်ရှောင် ၁၀ ဦးသေဆုံး၊ အလောင်း ၁လောင်းသာ ပြန်ရပြီး ကူညီကယ်ဆယ်ရေးမရှိလို့ ရှာဖွေရေး ရပ်တန့်

ရှမ်းတောင် ရွာငံမြို့နယ်က ဒေသခံတွေ စစ်ရှောင်နေတဲ့ နေရာတစ်ခုမှာ မြေပြိုမှုဖြစ်ပွါးခဲ့ပြီး အသက် ၁ နှစ်ခွဲအရွယ်ကလေးငယ် အပါအဝင် စစ်ရှောင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်မတော်(DSNDA)က ဒီနေ့ စက်တင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

သိန္နီမှာ MNDAA က အဓမ္မပြုကျင့်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ထားတဲ့ တရုတ်လူမျိုးအပါ ၇ ဦးကို အများရှေ့မှာ သေဒဏ်ပေး

ကိုးကန့်တပ် – MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့မှာ အဓမ္မပြုကျင့်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ထားတဲ့ တရုတ်လူမျိုး ၃ ယောက်နဲ့ ဗမာလူမျိုး ၄ ယောက်ကို လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်သွားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။