ပျောက်ဆုံးနေတဲ့ ကွတ်ခိုင်မှ ကလေးငယ်တစ်ဦး ၃ ရက်အကြာမှာ ရေနစ်သေဆုံးလျက် ပြန်တွေ့

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ ပျောက်ဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ၃ ရက်အကြာမှာ ရေနစ် သေဆုံးနေတဲ့အလောင်းသာ ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။

ကျောက်မဲမြို့နယ် နမ့်စော့ရွာထဲ စစ်ကောင်စီတပ် Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ ဘုန်းကြီးကျောင်းဆောင်နဲ့ နေအိမ်တချို့ ပျက်စီး

ကျောက်မဲမြို့ကို ပြန်ရဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့နယ် နမ့်စော့ကျေးရွာထဲ Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဆောင်နဲ့ နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လားရှိုးမြို့နယ်က ၁၆ နှစ်အရွယ် ကလေးတစ်ဦး မူးယစ်ဆေး သုံးတယ်ဆိုပြီး MNDAA က ထောင်ဒဏ် ၄ လ ချမှတ်ပြီးတော့ စစ်မှုထမ်းခိုင်း

ရှမ်းမြောက် လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာက အသက် ၁၆ နှစ်အရွယ် ကလေးတစ်ဦးကို မူးယစ်ဆေး သုံးစွဲတယ်ဆိုပြီး ကိုးကန့်တပ်- MNDAA က ဖမ်းဆီးပြီး ထောင်ဒဏ် ၄ လ ချမှတ်ခဲ့တယ်လို့ ကာယကံရှင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တန့်ဆည်မြို့နယ် ကံထူးမရွာ လေ‌ကြောင်း တိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁၂ ဦးအထိ တိုးလာ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား သေဆုံးမှုဟာ ၁၂ ဦးအထိ ရှိလာတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သံတွဲမြို့ ညောင်ပင်ဈေး လေကြောင်းကနေ တိုက်ခိုက်ခံရလို့ ဒေသခံအဘိုးအို ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ

ရခိုင်ပြည် သံတွဲမြို့ ညောင်ပင်ဈေးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ သံတွဲမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် ထိုးစစ် ကျောက်မဲမြို့နဲ့ ၅ မိုင်ဝန်းကျင်အကွာ စခန်းသာရွာအထိ ရောက်လာ၊ ကျောက်မဲမြို့နယ်ထဲ စကစ ဗုံးဆက်တိုက် ကြဲနေ

စစ်ကောင်စီတပ်ဟာ ၎င်းတို့ လက်လွှတ်ထားရတဲ့ ကျောက်မဲမြို့ကို ပြန်ရဖို့ အပြင်းအထန် ထိုးစစ်ဆင်နေပြီး ကျောက်မဲမြို့နဲ့ ၅ မိုင်ဝန်းကျင်အကွာ စခန်းသာကျေးရွာဘက် ရောက်ရှိနေပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ စစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။

ကျောက်မဲ ပန်သပြေရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရ၊ နေအိမ် ၁၀ လုံးကျော် ပျက်စီး

တအာင်းတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ် ပန်ကွမ်အုပ်စု ပန်သပြေရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပအေဲမ်ကိုက် ကောန်အီပ်ုန်အူအီး တဖ္လ်ုတ်ဇောႈခေဲင်အိုမ်ပ္လေါင်နမ့်ခိုင်နီန် တောပ်ဟာဝ်းခေဲင်အိုမ်

ဘိူန်းအယ်တခေါရ်နံပ် ဒီဘိူန်းတံပ်ဆီုက်တအာင်း PSLF/ TNLA ကဲတထိင်ခြဲ ခေဲင်လှံင်အေဲမ်ကိုက် တိုအီးရဝ်မန်ပိန်း ကောန်အီမာည်းအူအီး ခိင်ခ္လေါႈဟာဝ်းအ်ုန်တအိုမ်ငျားဒေတဖ္လ်ုတ်ဇောႈခေဲင်အိုမ်ပ္လေါင်နမ့်ခိုင်နီန် တောပ်ဟာဝ်းခေဲင်အိုမ်အောႏ။

နမ္မတူ ဟွေဖတ်ရွာက အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး တစ်နှစ်ကျော်ကြာတဲ့အထိ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေ

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ် ဟွေဖတ်ရွာက အသက် ၉ နှစ်အရွယ် မောင်နန်အောင်ဟာ တစ်နှစ်ကျော်ကြာတဲ့အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ရွှေဖီမြေကို ပြောပါတယ်။

Teenage Boy Injured by Landmine in Nawnghkio

A teenage boy was injured after hitting a landmine while clearing a yard in Nar Show Village, Nawnghkio Township, northern Shan State, an aquauaintance of his family told Shwe Phee Myay.