The Latest
အရာတော်မြို့နယ် သစ်ချိုရွာကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံး
စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သစ်ချိုရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ အရာတော်မြို့နယ် Local အဖွဲ့အစည်း သတင်းနှင့်ပြန်ကြားရေ တာဝန်ခံ ကိုအောင်စည်က ရွှေဖီမြေကိုပြောပါတယ်။
TNLAနဲ့စစ်ကောင်စီတို့ ကျောက်မဲ၊သီပေါတိုက်ပွဲမှာ ဘယ်ဘက်ကိုမှ ဝင်ရောက်စွတ်ဖက်ခြင်းမရှိခဲ့ဘူးလို့ SSPPပြော
စစ်ကောင်စီထိုးစစ်ဆင်ခဲ့တဲ့ ကျောက်မဲနဲ့ သီပေါတိုက်ပွဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က စစ်ကောင်စီတပ်ကို ကူညီလမ်းကြောင်းဖွင့်ပေးတာဖြစ်တယ်လို့ တအာင်းတပ်မတော်-TNLA မီဒီယာတွေမှာ ပြောဆိုထားတဲ့အပေါ် SSPPက ကန့်ကွတ်ရှုတ်ချတယ်လို့ SSPPက ဒီနေ့ အောက်တိုဘာ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဆားလင်းကြီးမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် ရွာပေါင်း ၂၅ ရွာထက်မနည်းထွက်ပြေးတိမ်းရှောင်နေရ
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ ပါရာမော်တာတွေနဲ့ ဗုံးကြဲမှု၊ မြေပြင်စစ်ကြောင်းထိုးမှုတွေကြောင့် ကျေးရွာပေါင်း ၂၅ ရွာထက်မနည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂေါႇကဲဒါယာန်ပ်ုရ် ပျောႈဟာဝ်းပ္လေဘျုင် ပအိုမ်ငျံရ် တိုအီးခေဲင်အရာပ်ကဲ ဘာတ်ဟာဝ်း 3အီး
တိုအီးခေဲင်အရာပ်ကဲ အူအီး က္လာင်းဒါႈ ဂေါႇမိုႈတံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဒါယာန်ပ်ုရ် ပျောႈဟာဝ်းပ္လေဘျုင် ပကီုင်းအိုမ်ငျံရ် အ်ုန်အီမိုႈ ဒီပ်ုန်ထိင်ခြဲအူန်း တံပ်ဆီုက်တအာင်းကဲ စီပဲန်ကောန်အီပ်ုန် 3အီး ဟည်ဘိူန်းဟာဝ်းဒီဆဲဝ်အောႏ။
ကျောက်မဲနဲ့ သီပေါတိုက်ပွဲမှာ SSPP က စစ်ကောင်စီကို ကူညီပေးတာတွေ ရှိနေတယ်လို့ TNLA ပြော
ရှမ်းမြောက် ကျောက်မဲနဲ့ သီပေါမြို့ကို စစ်ကောင်စီဘက်က ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က စစ်ကောင်စီကို ကူညီပေးခဲ့တာတွေ ရှိနေတယ်လို့ တအာင်းတပ်မတော် PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။