လားရှိုးမှာ တစ်ရက်အတွင်း ကား ၂ စီး ခိုးယူခံရပြီး စစ်ကောင်စီဘက်က အရေးယူနိုင်တာ မရှိသေး

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ တစ်ရက်အတွင်း ကား ၂ စီး ခိုးယူခံရပြီး စစ်ကောင်စီဘက်က အရေးယူနိုင်တာ မရှိသေးဘူးလို့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ရှမ်းလက်နက်ကိုင်တွေက ရှမ်းလူထုကို ထိရောက်တဲ့ ကာကွယ်မှု မပေးနိုင်ဘူးလို့ ရှမ်းလူငယ်တွေ ထောက်ပြ

ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ရှမ်းလူထုတွေရဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ လူမှုဘဝလုံခြုံရေးကို ကာကွယ်ပေးတဲ့ အဖွဲ့အစည်း ဖြစ်ပေမဲ့ ရှမ်းလူထုတွေကို ထိရောက်တဲ့ ကာကွယ်ပေးမှု ပေးနိုင်ခြင်း မရှိဘူးလို့ ဒီနေ့ မတ်လ ၁ ရက်မှာ ကျရောက်တဲ့ ရှမ်းလူငယ်နေ့မှာ ထုတ်ပြန်လာပါတယ်။

အရာတော်မြို့နယ် တောင်ပိုင်းကို ‌လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ခရီးသွား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တောင်ပိုင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ခရီးသွား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ အရာတော်မြို့နယ် Local အဖွဲ့အစည်းရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုအောင်စည်က ရွှေဖီမြေကို ပြောပါတယ်။

လားရှိူးမှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့ ထပ်မံတွေဆုံပြီးနောက် စစ်သုံ့ပန်း ၂၀၀ ကျော်ကို ကိုးကန့်တပ် ထပ်မံလွှတ်ပေး

ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်မတော်-MNDAA တို့အကြား ထပ်မံတွေဆုံပြီးနောက် စစ်သုံ့ပန်း ၂၀၀ ကျော်ကို ကိုးကန့်တပ်က ပြန်လွှတ်ပေးခဲ့တယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

လက်ဖက်မြေ နိုင်ငံရေးကျောင်းဆင်းထားသူတွေ တအာင်းအရပ်ဖက်အဖွဲ့အစည်းနဲ့ ဌာနဆိုင်ရာတွေမှာ အလုပ်သင် ဝင်ရောက်နေ

လက်ဖက်မြေ ပညာရေးဖောင်ဒေးရှင်း- TLEF က ဦးစီးဖွင့်လှစ်တဲ့ အပတ်စဉ်(၃) လက်ဖက်မြေ နိုင်ငံ‌ရေး သိပ္ပံကျောင်း- TLSPS အောင်မြင်သွားကြတဲ့ ကျောင်းသူကျောင်းသား ၃၄ ဦးဟာ တအာင်းတပ်မတော်- PSLF/TNLA လက်အောက်ရှိ ဌာနဆိုင်ရာနဲ့ တအာင်းအရပ်ဖက် အဖွဲ့အစည်းတွေမှာ အလုပ်သင် ဝင်ရောက်နေကြပြီ ဖြစ်ပါတယ်။

PSLF/TNLA က တရုတ်ပြည်မှာ စကစနဲ့ တွေ့ဆုံမှု သတင်းမှား ဖြစ်တယ်လို့ဆို

တအာင်းတပ်- PSLF/TNLA က တရုတ်ပြည်မှာ စစ်ကောင်စီနဲ့ သွားရောက်ကာ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတဲ့ BBC ရဲ့ သတင်းဖော်ပြချက်ဟာ မှန်ကန်မှု မရှိကြောင်း တအာင်းတပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က သူ့ရဲ့ Facebook လူမှုကွန်ရက်မှာ ရေးသားလာပါတယ်။

ကိုးကန့်တပ်က တအာင်းတပ် ထိန်းချုပ်ဒေသသို့ စားသောက်ကုန်နဲ့စက်သုံးဆီ ဆက်လက် ဖြတ်တောက်ထားပြီး ကုန်ဈေးနှုန်း ကြီးမြှင့်နေ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ဒေသကနေ တအာင်းတပ်- TNLA ထိန်းချုပ်ဒေသသို့ စားသောက်ကုန်နဲ့စက်သုံးဆီ သယ်ဆောင်ခွင့်ကို ဆက်လက် ပိတ်ထားဆဲဖြစ်ပြီး ကုန်ကားသမားတွေကို ဖြတ်သန်းခွင့် မပြုသေးဘူးလို့ ကားသမားတွေက ရွှေဖီမြေကို ပြောပါတယ်။

တန့်ယန်းမှာ UWSA အယောင်ဆောင်ပြီး ရွှေ လုယက်ထွက်ပြေးသွားတဲ့ အမျိုးသားတစ်ဦးကို “ဝ”တပ်ဖွဲ့ ဖမ်းဆီး

ရှမ်းမြောက် တန့်ယန်းမြို့မှာ “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA တပ်သား အယောင်ဆောင်ပြီး ရွှေ လုယက်ထွက်ပြေးသွားခဲ့တဲ့ အမျိုးသားတစ်ဦးကို UWSA က ဖမ်းဆီးရမိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦး ပြောပြချက်အရ သိရပါတယ်။

လားရှိုး ကုန်စုံဆိုင်တစ်ခုကနေ သိန်း ၁ ထောင်နဲ့ ပြန်ပေးဆွဲခံရတဲ့ အမျိုးသမီး ပြန်လွှတ်လာ၊ ပြန်ပေးဆွဲသူတွေဟာ တစ်ရပ်ကွက်ထဲသားတွေ ဖြစ်နေ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် ၅ က ကုန်စုံဆိုင်တစ်ခုကနေ ပြန်ပေးဆွဲခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦး ပြန်လွှတ်လာပြီလို့ လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နွေဦးတော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု- SRA အဖွဲ့ဝင် ခေါင်းဆောင်တွေနဲ့ NUG တွေ့ဆုံဆွေးနွေးခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ- NUG က နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု- SRA တပ်ဖွဲ့ဝင် ခေါင်းဆောင်အားလုံးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG က မနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။