စစ်မှုထမ်းစုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သား ၆ ဦး ဒီမောဆို့ PDF ထံ လက်နက်နဲ့တကွ CDM ဝင်ရောက်လာ

စစ်မှုထမ်း ဥပဒေအရ တပ်သားအဖြစ် စုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သား ၆ ဦး ကရင်နီဒေသမှာ အခြေစိုက်တဲ့ ဒီမောဆို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DMO Local PDF)ထံ လက်နက်နဲ့အတူ CDM ပြုလုပ်လာတယ်လို့ ဒီမောဆို့ PDF က ဒီနေ့ ဧပြီ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နောင်ချိုတိုက်ပွဲမှာ စစ်ကောင်စီဘက်က တစ်ရက်အတွင်း လက်နက်ကြီး အကြိမ် ၁ ရာကျော် ပစ်ခတ်တိုက်ခိုက်၊ အဆိပ်ငွေ့ဗုံးနဲ့ပါ ဗုံးကြဲ

ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က တစ်ရက်အတွင်း လက်နက်ကြီး ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ စစ်ကောင်စီရဲ့ စည်ပင်လုပ်ငန်း မလည်ပတ်သေးတာကြောင့် လမ်းဘေးတွေမှာ အမှိုက်တွေ စုပုံနေ

စစ်ကောင်စီတပ် ပြန်လည်အုပ်ချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ၎င်းရဲ့ စည်ပင်လုပ်ငန်းတွေ မလည်ပတ်နိုင်သေးတာကြောင့် အမှိုက်တွေ မသိမ်းနိုင်သေးဘဲ လမ်းဘေးတွေမှာ စုပုံနေကြတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

နိုင်ငံရေး ဖိအားကြောင့် လားရှိုးကနေ ဆုတ်ခွာရတာလို့ ကိုးကန့်တပ်ပြော

ကိုးကန့်တပ်မတော်- MNDAA အနေနဲ့ ရှမ်းမြောက် လားရှိုးမြို့ကို ထိန်းချုပ်ထားစဉ် ကျန်းမာရေးကဏ္ဍကို အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်ခဲ့ပေမဲ့ နိုင်ငံရေး ဖိအားကြောင့် လားရှိုးကနေ ဆုတ်ခွာရတာဖြစ်တယ်လို့ ကိုးကန့်တပ်ရဲ့ ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရွာငံမှာ စစ်ရှောင်အမျိုးသမီးတွေကို စစ်ကောင်စီတပ်သားက အုပ်စုလိုက် အဓမ္မပြုကျင့်တာ ရှိနေကြောင်း ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြ

ရှမ်းတောင် ရွာငံမြို့နယ်မှာ စစ်ရှောင်အမျိုးသမီးတွေကို စစ်ကောင်စီတပ်သားက အုပ်စုလိုက် အဓမ္မပြုကျင့်နေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်- SHRF ရဲ့ ဧပြီ ၂၄ ရက်က ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်တွေမြို့မှာ ဖမ်းဆီးခံရတဲ့ အရပ်သား ၃၀ ကျော်ကို စစ်ကောင်စီက ပြန်လွတ်ပေး

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အရပ်သား ၃၀ ကျော် ကို မနေ့ ဧပြီလ ၂၄ရက်နေ့ညနေမှာ ပြန်လည်လွတ်ပေးလိုက်ပြီလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

အပစ်ရပ် ကြေညာတဲ့ စစ်ကောင်စီက ကျောက်ဖြူမှာ ဒရုန်းဗုံးကြဲလို့ စစ်ရှောင်တစ်ဦး သေဆုံး

ယာယီ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သက်တမ်း တိုးမြှင့်ထားတဲ့ စစ်ကောင်စီတပ်က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကို အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်ဘေးရှောင်အမျိုးသမီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

တောင်းခမ်းတိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး နောင်ချိုအနီး နောင်လင်ရွာအထိ စစ်ကောင်စီတပ်ရဲ့ထိုးစစ် ရောက်လာ

စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းရွာအနီးတစ်ဝိုက်မှာ စစ်တပ်နဲ့ တအာင်းတပ်မတော်- TNLA တို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

အပတ်စဉ်သတင်း စုစည်းတင်ဆက်မှု

ဒီတစ်ပတ် သတင်းတွေကတော့ ~ တရုတ် အကူအညီနဲ့ လားရှိုးမြို့ထဲ စစ်ကောင်စီတပ် ပြန်လည် ဝင်ရောက်လာပါတယ်။

ဓနုတပ်ရဲ့ စစ်သင်တန်းနည်းပြ “မမာပယ်”

မမာပယ်ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော်- DPLA ထဲ ၂၀၂၂ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပါတယ်။