အဆောက်အဦးပြိုကျမှုအတွင်း ၄ နာရီနီးပါးကြာ ပိတ်မိနေသူ အမျိုးသားကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့

မန္တလေးမြို့မှာ ငလျင်ဒဏ်သင့် အထပ်မြင့်တည်းခိုခန်းတစ်ခုကို ဖြိုဖျက်နေချိန် အနီးဝန်းကျင်က နေအိမ်တစ်လုံးပေါ်ကို ပြိုကျခဲ့ရာကနေ အိမ်အတွင်း ၄ နာရီနီးပါးကြာ ပိတ်မိနေသူကို အသက်ရှင်လျက် ပြန်လည်ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ပရဟိတအသင်းသားတွေက ရွှေဖီမြေကို အတည်ပြုပြောဆိုပါတယ်။

ကျောက်မဲမြို့နယ်မှာ ဗုံး ထပ်ကြဲခံရပြီး ကလေး ၁ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရ

ရှမ်းမြောက် ကျောက်မဲမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၁ ဦးအပါအဝင် ၃ ဦး ထိမှန်ဒဏ်ရာရရှိထားတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

Junta Airstrike Kills Three Youths in Mogok

The junta launched an airstrike on a futsal court in the eastern of Mogok, a township controlled by the Ta’ang National Liberation Army (TNLA) in Mandalay Region, killing three and injuring at least four youths who were playing soccer at the time, according to a local source.

တိုအီးမာဝ်းဗံင်း ကောန်အီမာည်းအူအီး ငျားဒေညဲ့မဲင် ကတူ;ဖေးဘာတ်

တိုအီးအရာပ်ကဲ ကောန်အီမာည်းအူအီး က္လာင်းတဖုင်ဆျှိုည်ဖီမျေဒါ; ကပီုန်ဆျှံမ်ကဒါ,ပိူည် ခေဲင်လှံင်မာဝ်းဗံင်း ခမိုရဝ်ပင်တိန် ပရဝ်ခေါက်ခနီန် ကောန်အီမာည်း ငျားဒေညဲ့မဲင် ကတူ;ဖေးဘာတ်ဟာဝ်း။

သပိတ်ကျင်းနယ် ဇရပ်ကွင်းရွာကို စစ်ကောင်စီ ဒရုန်းနဲ့ ဗုံးကြဲ၊ ၁နှစ်အရွယ် ကလေးအပါအဝင် ဒေသခံ ၅ဦးသေဆုံးပြီး ၈ဦးထက်မနည်း ဒဏ်ရာရ

ဒီနေ့ အောက်တိုဘာ ၂၁ရက် ညနေ ၆နာရီ ဝန်းကျင်ခန့် သပိတ်ကျင်းနယ်ထဲက ဇရပ်ကွင်းကျေးရွာထဲက ရွာလယ်တံတားအနီးကို စစ်ကောင်စီဘက်က ဒရုန်းတဲ့လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁နှစ်အရွယ် ၅ဦး အနည်းဆုံး သေဆုံးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မိုးကုတ်မြို့ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူ ကလေး ၃ဦးအပြင် ဒဏ်ရာရသူ ကလေး ၄ ဦးအပါအဝင် ၁၂ ဦး အထိတိုးလာ

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အရှေ့ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ ဒဏ်ရာရသူ ကလေး ၄ ဦးအပါအဝင် ၁၂ ဦး အထိ ရှိတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

စိတ်ဒဏ်ရာနဲ့ ရှင်သန်နေရသူတွေ

“ဖရော” ဆိုတဲ့ ဗုံးကြဲလေယာဉ်ခေါ် ဂျက်လေယာဉ်နဲ့ “ဝုန်ဝုန်” ဆိုတဲ့ ကင်းထောက်လေယာဉ်ခေါ် Y 12 လေယာဉ်တွေ နေ့နေ့ညည ပျံဝဲ၊ ဖြတ်သန်း၊ ဗုံးကြဲနေတာကြောင့် လေယာဉ်သံ ကြားနေရရင် ကလေး၊ လူကြီး၊ လူငယ်၊ လူလတ်၊ အမျိုးသား၊ အမျိုးသမီးတွေက အသားတွေ တစ်ဆတ်ဆတ်တုန်အောင် ကြောက်ရွံ့တုန်လှုပ်ကြပြီး တချို့သူတွေရဲ့ ပါးစပ်ဖျားမှာ ဘုရား၊ တရား တနေကြပါတယ်။

မိုးကုတ်အရှေ့ပိုင်းကို စစ်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဖူဆယ်ဘောလုံးကွင်းထဲ ဘောလုံးကစားနေကြတဲ့ ကလေး ၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရ

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အရှေ့ပိုင်းမှာ စစ်ကောင်စီတပ်က ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၃ ဦးသေဆုံးပြီး အနည်းဆုံး ၄ ဦး ထိမှန် ဒဏ်ရာရခဲ့တာလို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကျောက်မဲ စစ်ရှောင်တွေကို ပြန်ပို့တဲ့ ပရဟိတကား မတော်တဆဖြစ်ပြီး ကားထဲလိုက်ပါသူတချို့ ဒဏ်ရာရ

ရှမ်းမြောက် လားရှိုးမြို့ပေါ်သို့ စစ်ဘေးရှောင်လာတဲ့ ကျောက်မဲမြို့နယ်က စစ်ဘေးရှောင်တွေကို နေရပ်ပြန်ပို့တဲ့ ပရဟိတကားက မတော်တဆဖြစ်ပြီး ကားထဲလိုက်ပါလာသူတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ကျောက်မဲမြို့နယ်က အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာရ

ရှမ်းမြောက် ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာအုပ်စု ခေါက်ခက်ရွာက အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။