ကလေးမြို့နယ်မှာ နေအိမ်သို့ ရိက္ခာယူတဲ့ စစ်ဘေးရှောင် ချင်းအမျိုးသားတစ်ဦး ပစ်သတ်ခံရပြီး သေဆုံး၊ တစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းမှာ နေအိမ်သို့ ရိက္ခာသွားယူတဲ့ စစ်ဘေးရှောင် ချင်းအမျိုးသားတစ်ဦး ပစ်သတ်ခံရပြီး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လိုင်ဇာနဲ့မိုင်ဂျာယန် တရုတ်နယ်စပ်ဂိတ် အဝင်အထွက် ပြန်ဖွင့်

ကချင်တပ်မတော်- KIO/KIA ထိန်းချုပ်ရာ လိုင်ဇာနဲ့ မိုင်ဂျာယန် တရုတ်နယ်စပ်ဂိတ်‌တွေကို မနေ့ အောက်တိုဘာ ၂၄ ရက် ညပိုင်းကစပြီး အဝင်အထွက် ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

စဉ့်ကူးမြို့နယ် လက်ပန်လှရွာကို စစ်ကောင်စီတပ် ဗုံးကြဲ၊ ၇ ဦး ဒဏ်ရာရပြီး နေအိမ်တွေ ပျက်စီး

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပန်လှရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၇ ဦး ဒဏ်ရာရပြီး နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတချို့က ရွှေဖီမြေကို ပြောပါတယ်။

ရေကြည်မြို့နယ် စပြင်ရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်နဲ့အမျိုးသမီးအပါအဝင် ၂၄ ဦးထက်မနည်း အစုလိုက် အပြုံလိုက် သေဆုံး

ဧရာဝတီတိုင်း ရေကြည်မြို့နယ် စပြင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၂၄ ဦးထက်မနည်း အစုလိုက် အပြုံလိုက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို အတည်ပြု ပြောဆိုပါတယ်။

ပဖားကန့် ဂေါ,မို;ကတာည်းတက္လာ်; ကောန်အီမာည်း 2 အီးယံမ်းဟာဝ်းဖါ်; ကောန်ကညောမ်အူအီး ကတူ;ဖေးဘာတ်ဟာဝ်း

ဘိူန်းအယ်နံပ် ကပီုန်ခါင် လှံင်ဖားကန့် ပရဝ်နမ့်မှော်နီန် ပဲန်ဟာဝ်း ကတာည်းတက္လာ်; ဂေါ,ဘည်ဒီန် ကောန်အီမာည်း 2 အီးယံမ်းဟာဝ်းဖါ်; ကောန်ကညောမ် အ်ုန်အီဘိူန်း အဆာက် 14 ဆန်ုမ်နီန် အူအီး ကတူ;ဖေးဘာတ်ဟာဝ်း။

ကျောက်မဲမြို့နယ်ထဲက ကျေးရွာတစ်ရွာကို ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် ပေါင် ၅၀၀ ဗုံးကြဲ၊ ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူပြီး ကိုရင် ၇ပါး ဒဏ်ရာရ

ကျောက်မဲမြို့နယ်ထဲက ကောပေါင်ကျေးရွာထဲက ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူသွားခဲ့ပြီး ကိုရင် ၇ပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သပိတ်ကျင်းနယ်ထဲ သန်ခေါင်ယံ လူအိပ်ချိန် စစ်ကောင်စီက ဗုံးထပ်ကြဲ၊ အမျိုးသမီး ၂ဦးနဲ့အမျိုးသား ၁ဦးသေဆုံးပြီး ၁၃ဦးထက်မနည်း ဒဏ်ရာရ

ဒီနေ့ အောက်တိုဘာ ၂၄ရက်နေ့ သန်ခေါင်ယံ လူအိပ်ချိန် သပိတ်ကျင်းနယ်ထဲက ရင်ခတ်ပင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၃ဦးပွဲချင်းပြီး သေဆုံးကာ ၁၃ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကန်ပက်လက်မြို့က မင်္ဂဆောင်ပွဲတစ်ခုကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး ၁၀ ကျော် ဒဏ်ရာရ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မြို့မရပ်ကွက်က မင်္ဂလာဆောင်ပွဲတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လူ ၄ ဦးသေဆုံးပြီး ၁၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဖားကန့်၊ လန်ဆယ်၊ ဝိုင်းမော် မြို့နယ်တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေ

ကချင်ပြည်နယ်၊ ဖားကန့်၊ လန်ဆယ်၊ ဝိုင်းမော် မြို့နယ်တွေကို ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မှာ မြေစာပုံပြိုကျတာကြောင့် အမျိုးသား ၂ ဦး သေဆုံးပြီး ကလေးတစ်ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာမှာ မြေစာပုံပြိုကျတာကြောင့် အမျိုးသား ၂ ဦး မြေပိသေဆုံးပြီး အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။