မိုးကုတ်မြို့ကို TNLA က ပြန်လက်လွှတ်မယ်လို့ ဆိုနေပေမဲ့ မိုးကုတ်ဗျူဟာတပ်က တွန့်ဆုတ်ကြောက်ရွံ့နေမှာမဟုတ်ဘဲ စစ်ကောင်စီတပ်ကို ဆက်လက်တော်လှန်မယ်လို့ ဆို
တအာင်းတပ် – TNLA က မိုးကုတ်မြို့ကို ပြန်လက်လွှတ်မယ်လို့ ဆိုထားပေမဲ့ မိုးကုတ်ဗျူဟာ ပြည်သူ့ကာကွယ်ရေးတပ်ကတော့ စစ်ကောင်စီတပ်ရဲ့ ကောက်ကျစ်၊ ရက်စက်ကြမ်းကြုတ်မှုတွေကို ကြောက်ရွံ့နေမှာမဟုတ်ဘဲ ဆက်လက်တော်လှန်မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။