The Latest
နမ္မတူ-မန်တုံ၊ နမ္မတူ-မိုင်းဘော်လမ်း ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုကြောင့် သွားလာလို့ မရသေးဘဲ ထိခိုက်ဆုံးရှုံးမှု ရှိနေ
ဒီနေ့ နိုဝင်ဘာ ၄ ရက် မနက်အစောပိုင်းမှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ္မတူ-မန်တုံလမ်းနဲ့ နမ္မတူ-မိုင်းဘော်လမ်း သွားလာလို့ မရသေးကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
စစ်အာဏာရှင်စနစ်ကို ရှေ့ကနေ ဆန့်ကျင်တော်လှန်ခဲ့တဲ့ မိုးကုတ် ရေပူဆရာတော် ပျံလွန်တော်မူ
လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ်ကို မဆုတ်မနစ် ဆန့်ကျင်တော်လှန်ခဲ့တဲ့ မိုးကုတ်မြို့ရှိ ရေပူဆရာတော် ဘဒ္ဒန္တက္ကန္ဒဟာ မနေ့ နိုဝင်ဘာ ၃ ရက် ညနေပိုင်း ၆ နာရီ ၄၅ မိနစ်မှာ ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။
နမ္မတူမြို့ခံအများစု နေရပ်သို့ ပြန်လာကြပြီဖြစ်ပေမဲ့ ဖုန်းလိုင်း အဆင်မပြေမှုကြောင့် Starlink အင်တာနက်သာ သုံးနေရ
တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့ထဲ ဒေသခံအများစု ပြန်လာနေကြပြီဖြစ်ပေမဲ့ ဖုန်းလိုင်း မကြာခဏ ပြတ်တောက်တာကြောင့် Starlink အင်တာနက်ကို ပိုမိုအသုံးပြုကြရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
နမ္မတူမြို့ထဲက ရပ်ကွက်တချို့ထဲ ရေ ဆက်ကြီးလာနိုင်လို့ နေအိမ်တချို့ ရွှေ့ပြောင်း
တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ္မတူမြို့ မြို့မရပ်ကွက်မှာ ဒီနေ့ နိုဝင်ဘာ ၄ ရက် မနက်အစောပိုင်းကစပြီး ချောင်းရေ ကြီးလာမှုနဲ့အတူ နေအိမ်တချို့ ရေနစ်မြှုပ်သွားပြီး ရေဆက်ကြီးလာနိုင်လို့ နေအိမ် ပြောင်းရွှေ့မှု ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ကျောက်မဲနဲ့သီပေါမှာ USDP နဲ့ SNDP ပါတီ ၂ ခုသာ ဝင်ပြိုင်၊ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်နေရာမှာ ပြိုင်ဘက်မရှိလို့ USDP ကြိုတင်အနိုင်ရနေ
စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ သီပေါနဲ့ ကျောက်မဲမြို့နယ်ထဲ စစ်ကောင်စီ ဦးဆောင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ- USDP နဲ့ ရှမ်းနဲ့တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ- SNDP ပါတီ ၂ ခုသာ ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
Two Die Trying to Dismantle War Munitions in Namhpatkar Blast
Two men were killed in an explosion around 5 p.m. on Sunday in Manawng Yan Ward 5, Namhpatkar Town in Kutkai Township in northern Shan State, according to the residents. The blast occurred while the men were collecting and attempting to dismantle unexploded ordnance.