The Latest
မတ္တရာမြို့နယ်ထဲက ဆည်တော်ကြီး ရေလှောင်တမံကို စစ်ကောင်စီ ပြန်ထိန်းချုပ်၊ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာအများစု ပြန်လက်လွှတ်နေရ
မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက ဆည်တော်ကြီး ရေလှောင်တမံကို ပြန်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ကောင်စီက မနေ့ နိုဝင်ဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ် အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၁၄ ဦးကို ချင်းညီနောင်တပ်ဖွဲ့က ကယ်ထုတ်ခဲ့
ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၁၄ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချင်းညီနောင်တပ်ဖွဲ့က မနေ့ နိုဝင်ဘာ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မူဆယ် နမ့်လောင်းရွာမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူကို ဖမ်းဆီးရမိရင် ဒဏ်ငွေ သိန်း ၁၀၀ အထိ ပေးဆောင်ရမှာဖြစ်ပြီး စစ်မှုထမ်းလည်း လုပ်ရမယ်လို့ SSPP အမိန့်ထုတ်
ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်လောင်းကျေးရွာမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူနဲ့ သုံးစွဲသူတွေကို ဖမ်းဆီးရမိရင် ဒဏ်ငွေ သိန်း ၁၀၀ အထိ ပေးဆောင်ရမယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP က ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်က အမိန့်ထုတ်ထားပါတယ်။
ပမာဝ်းႎံင်း ဂါင်ဂေါည်အီမံင်ခ္လ ဟည်ကတူႈဘိုးကဲဘိဟာဝ်း စွဲဒါႈမိုႈ ကဲမိူဝ်ႈဘည်ကတူည်ႇကႎှတောပ် တံပ်ဆီုက်တအာင်းကဲ
ဖုင်ယဲဆျှိုည်ဖီမျေတခေါရ်နံပ်မိုႈတ တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဟည်ဆီုပ်ဘိဟာဝ်းဘိုးဂါင် စွဲဒါႈမိုႈကဲကတူည်ႇကႎှတောပ် တံပ်ဆီုက်တအာင်း – PSLF/TNLA ကဲ ပကီုင်းမာဝ်းႎံင်း ကပီုန်ဆျှံမ်ကဒါႇပိူည် အ်ုန်အီမိုႈ ဒီပ်ုန်ထိင်ခြဲအူန်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲနီန်အောႏ။