နာမည်ကျော်ဂုတ်ထိပ်တံတား ကျိုးကျ၊ TNLA မိုင်းခွဲဖျက်စီးတယ်ဆိုပြီး စစ်တပ်လော်ဘီ တစ်ပြိုင်နက် ဝိုင်းဝန်းဝါဒဖြန့်
စစ်ကောင်စီထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နဲ့ တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ်ဘက်ကို ဆက်သွယ်ထားတဲ့ နာမည်ကျော် ဂုတ်ထိပ်တံတား ကျိုးကျပျက်စီးသွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။