The Latest
ဂေါႇပ္လေ လာက်နာက်ဒါင်း ပ်ုန်ပဴင် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ တိုအီးရဝ် မက်မန်းကုန်းသာ လှံင်မာဝ်းႎံင်း အူပီးအူမေန်း 2 အီး ယံမ်းဟာဝ်း
ဘိူန်းအယ်နံပ် ဒီဘိူန်းတံပ်ဆီုက်တအာင်း PSLF/TNLA ကဲတထိင်ခြဲ ပလှံင်မာဝ်းႎင်း ခမိုနားအိုက်ခန့် ပရဝ်မက်မန်းကုန်းသာနီန် ဂေါႇပ္လေလာက်နာက်ဒါင်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ အူပီးအူမေန် 2 အီးယံမ်းဟာဝ်းအောႏ။
ဟိုပန်မှာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ခွင့် UWSA တားမြစ်
“ဝ”တပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ဟိုပန်မြို့နယ်မှာ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ပြုလုပ်တာကို ကြုံတွေ့လာရင် တရားစီရင်ရေးဌာနသို့ တိုင်ကြားဖို့ UWSA က လူထုနဲ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
လက်ပံတန်းမြို့နယ် သရက်ချောင်းရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်တာကြောင့် အရပ်သား ၁ ဦး သေဆုံး
ပဲခူးတိုင်း လက်ပံတန်းမြို့နယ် သရက်ချောင်းရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာတန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ရခိုင်အပြင် ဧရာဝတီ၊ မကွေးနဲ့ပဲခူးအစပ်မှာ စစ်တပ်နဲ့ AA တိုက်ပွဲ ဆက်လက် ပြင်းထန်
ရခိုင်ပြည်နယ် စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်အပါအဝင် ရက္ခိုင်-ဧရာဝတီအစပ်၊ ရက္ခိုင်-မကွေးအစပ်နဲ့ ရက္ခိုင်-ပဲခူးအစပ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်- AA တို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ AA က မနေ့ စက်တင်ဘာ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။