The Latest
သပိတ်ကျင်းမြို့နယ်ထဲမှာ တိုက်ပွဲကြောင့် ကျေးရွာ ၅ရွာ ထက်မနည်းက ဒေသခံ ၅ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ
စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲက ဇရပ်ကွင်းကျေးရွာအပါအဝင် ကျေးရွာ ၅ ထက်မနည်းက ဒေသခံ ၅ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။
အင်အားအလုံးအရင်း ထိုးစစ်ဆင်မှုနဲ့ ရှမ်းမြောက်တစ်ခုလုံးကို စစ်ရေးအရ ခြိမ်းခြောက်လာနိုင်တဲ့ စစ်ကောင်စီတပ်
စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇူလိုင် ဒုတိယအပတ်မှာ နောင်ချိုမြို့ကို တအာင်းတပ် – TNLA ထံ ပြန်လည်သိမ်းယူနိုင်ခဲ့ပြီးနောက် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တည်ရှိနေတဲ့ TNLA ထိန်းချုပ်ထားတဲ့ နောက်ထပ်မြို့တစ်မြို့ဖြစ်တဲ့ ကျောက်မဲမြို့ကို ထိုးစစ်ဆင်နိုင်ဖို့ ခပ်မြန်မြန်နဲ့ လှုပ်ရှားခဲ့ပါတယ်။
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို လူမှုကွန်ယက်ပေါ်မှာ ဆန့်ကျင်ကြောင်း ရေးသားတယ်ဆိုတဲ့ အမျိုးသားတစ်ဦးကို အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို လူမှုကွန်ယက်ပေါ်မှာ ဆန့်ကျင်ကြောင်း ရေးသားတယ်ဆိုတဲ့ ရှမ်းတောင် တောင်ကြီးမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးကို အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ကြောင်း စစ်ကောင်စီက မနေ့ စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
လားရှိုး မန်ဆူကျောင်းမှာ အီလက်ထရောနစ် မဲပေးစနစ်နဲ့ ပတ်သက်ပြီး မဲပေးရမယ့်ပုံစံတွေ ပြသနေ
စစ်ကောင်စီတပ် ပြန်ထိန်းချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဦးဆောင်ပြီး ရွေးကောက်ပွဲအတွင်းအသုံးပြုမယ့် အီလက်ထရောနစ် မဲပေးစနစ်နဲ့ ပတ်သက်ပြီး မဲပေးရမယ့်ပုံစံတွေကို ပြသနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ကျောက်မဲ နောင်ပိန်နဲ့ နောင်ပြစ်ရွာမှာ တိုက်ပွဲ ပြင်းထန်နေ၊ ဂုတ်တွင်းတံတားလည်း ပြုပြင်ပြီးပြီလို့ စစ်ကောင်စီပြော
စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ရှမ်းမြောက် ကျောက်မဲမြို့နယ် နောင်ပိန်ရွာအနီးဝန်းကျင်နဲ့ ဂုတ်တွင်းအနီးရှိ နောင်ပြစ်ရွာမှာ စစ်တပ်နဲ့ တအာင်းတပ်- TNLA တို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။