၅ နှစ်အောက် ကလေးငယ်၊ ကလေးမိခင်နဲ့ ကိုယ်ဝန်ဆောင် မိခင်အတွက် အရေးပေါ် ဆေးရုံတက် ကုန်ကျစရိတ် THO က ထောက်ပံ့မယ်

တအာင်းဒေသက ကျေးရွာတွေမှာ အသက် ၅ နှစ်အောက် ကလေးနဲ့ အရေးပေါ် ကလေးမွေးဖွားတဲ့မိခင်၊ ကိုယ်ဝန်ဆောင် မိခင်တွေကို အရေးပေါ်ဆေးရုံတက်ဖို့ လိုအပ်လာရင် တအာင်းကျန်း‌မာရေး အဖွဲ့အစည်း- THO က ဆေးရုံတက် ကုန်ကျစရိတ်နဲ့ စားစရိတ် ခရီးစရိတ်ကို ထောက်ပံ့ပေးမယ်လို့ THO က ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တို့ အပစ်ရပ်ပြီးနောက် လောက်ကိုင်က ဒေသခံတွေ နေရပ်ပြန်လာနေ

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်(MNDAA)တို့ အပစ်ရပ်ပြီးနောက်ပိုင်း MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့နယ်ကဒေသခံအများစုဟာ နေရပ်ပြန်လာကြပြီလို့ စုံစမ်းသိရပါတယ်။

လိုင်ဇာ ဂျဲယန်စစ်ရှောင်စခန်းက ပြန်ပေးဆွဲခံထားရတဲ့ ကလေးငယ် ၃ဦး သတ်ဖြတ်ခံရပြီး ပြန်ပေးဆွဲတဲ့ တရားခံတစ်ဦးကို ဖမ်းမိ

လိုင်ဇာအနီး ဂျဲယန် စစ်ရှောင်စခန်းက ပျောက်ဆုံးသွားပြီး ပြန်ပေးဆွဲခံရတဲ့ အမျိုးသမီး ကလေးငယ် ၃ဦးဟာ သတ်ဖြတ်ခံရပြီး ပြန်ပေးဆွဲတဲ့ တရားခံကိုလည်း ဖမ်းမိထားကြာင်း ဒေသခံတွဆီက သိရပါတယ်။

မူဆယ်မြို့ လူမြင်ကွင်း လမ်းမပေါ်မှာ လုယက်မှု ဖြစ်ပွား၊ တစ်ပတ်အတွင်း လုယက်မှု ၃ ကြိမ်ထက်မနည်း ဖြစ်နေ

စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ မူဆယ်မြို့က လူမြင်ကွင်း လမ်းမပေါ်မှာ လုယက်မှု ဖြစ်ပွားပြီး တစ်ပတ်အတွင်း မူဆယ်မှာ လုယက်မှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွါးထားတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မန္တလေးမြို့ အိုးဘိုထောင်မှာ နိုင်ငံရေးအကျဥ်းသားတစ်ဦး ဆေးကုသခွင့် လုံလုံလောက်လောက်မရတာကြောင့် သေဆုံးခဲ့ရ

မန္တလေးမြို့ အိုးဘိုထောင်မှာ နိုင်ငံရေးအကျဥ်းသား ကိုအောင်ထွန်းဆိုသူဟာ ဆေးကုသခွင့် လုံလုံလောက်လောက်မရတာကြောင့် သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM ဆီက သိရပါတယ်။

မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အဆိပ်ငွေဗုံး အသုံးပြုတိုက်ခိုက်နေကြောင်း KNDF ပြော

ရှမ်းတောင် ဖယ်ခုံမြို့နယ် ဗိုးဗြဲမြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အဆိပ်ငွေဗုံး အသုံးပြုတိုက်ခိုက်နေတာရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF ရဲ့ ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ရွှေဖီမြေကို ပြောပါတယ်။

ဗထူးတပ်မှာ တပ်ကြပ်အချင်းချင်း ပစ်ခတ်မှု ဖြစ်ပြီး ၂ ဦးလုံး သေဆုံး၊ စစ်ကောင်စီက သတင်းဖုံးဖိထား

ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဗထူးမြို့ရှိ တပ်လေ့ကျင့်ရေးကျောင်းမှာ တပ်ကြပ်ကြီး ၂ ဦး အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ စစ်ဆေးရုံတွင်း သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ထပ်မံတိုက်ခိုက်၊ တိုက်ပွဲဆက်လက်ပြင်းထန်နေ

ရှမ်းမြောက် နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာကို စစ်ကောင်စီတပ်ကလေကြောင်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မြိုင်နယ်၊ ဆုံကုန်းရွာဘုန်ကြီးကျောင်းကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်၊ သေဆုံးသူ ၂၀ ကျော်ရှိလာ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဆုံကုန်းကျေးရွာက ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ လူပေါင်း ၂၀ ကျော် ရှိလာခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။

ငဖဲမြို့နယ်က ချင်းရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ချင်းအမျိုးသား နှစ်ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ လင်းတဲကျေးရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ချင်းအမျိုးသား နှစ်ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။