ဓာတ်ပုံ- KnMHC

ပို့လဘား၊ ဖေဖော်ဝါရီ ၇ ရက်၊ ရှားတော

ကရင်နီပြည်နယ် ရှားတောမြို့နယ်က ကျေးရွာတစ်ရွာမှာ ရေကျောက်ရောဂါလို့ သံသယရှိသူ ၁၈ ဦး ရှိနေတယ်လို့ ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ- KnMHC က မနေ့ ဖေဖော်ဝါရီ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကျေးရွာမှာ အိမ်ထောင်စု ၇၁ စုနဲ့ လူဦး‌ရေ ၃၅၉ ဦးရှိပြီး အရေပြားအဖု ထွက်တာနဲ့ ဖျားနာတာတွေကို စောင့်ကြည့်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖြစ်ပွား‌နေတဲ့ရောဂါကို ရေကျောက်ရောဂါလို့ ယူဆရပြီး အဲဒီရေကျောက်ရောဂါ ဖြစ်ပွားသူ ၁၈ ဦး ရှိနေပြီး အဲဒီထဲမှာမှ ၂ ဦးက ပြင်းထန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“အရေပြားရောဂါ‌ မပျောက်သေးဘူး။ နောက်တစ်မျိုး ပေါ်လာတယ်။ သူလည်း အရေပြားရောဂါတစ်မျိုးဘဲ။ ရောဂါနာမည်ပဲ မတူတာ။ သူက ကူးစက်မြန်တယ်။ အရေပြားရောဂါကျ‌တော့ ဖြစ်တာကြာပြီ။ စစ်ရှောင်ကတည်းကဖြစ်တာ။ ဒီဘက်မှာ ရေကျောက်ရောဂါက အခုမှ စဖြစ်တာ။ ၁၂ လပိုင်းတုန်းက သူတို့ကို ကာကွယ်ဆေး ထိုးပေးတာ ရှိတယ်။ ဒီဘက်မှာ လမ်းကြောင်းတွေ ပိတ်နေတော့ ကုန်တွေလည်း ဘယ်မှာမှ ဝယ်မရ ဖြစ်နေတယ်။ အဲကြောင့် တခုခုဆို အရမ်းခက်ခဲတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

KnMHC အဖွဲ့အနေနဲ့လည်း ရေကျောက်ရောဂါ ကူးစက်ခြင်းကို ကာကွယ်နိုင်ဖို့နဲ့ ရောဂါပျံ့နှံ့မှုကို တားဆီးနိုင်ဖို့အတွက် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားပါတယ်။

ရေကျောက်ရောဂါ ခံစားနေရတဲ့သူတွေဟာ အသုံးအဆောင်ပစ္စည်းဖြစ်တဲ့ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊ ဆပ်ပြာရည်၊ လက်သန့်ရှင်းရေးပစ္စည်း အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့လည်း KnMHC က ပြောဆိုထားပါတယ်။

ရေကျောက်ရောဂါနဲ့ အရေပြားရောဂါဟာ ကူးစက်တတ်တဲ့အတွက် တစ်ကိုယ်ရည် သန့်ရှင်းမှုကို ဂရုစိုက်ပြီး ဖျားနာတာနဲ့ အရေကြည်ဖုထွက်တဲ့လက္ခဏာ ခံစားရပြီဆိုရင် နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းတွေကို ဆက်သွယ်အကြောင်းကြားဖို့ KnMHC က တိုက်တွန်းထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။