စစ်ကောင်စီရဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းကို TNLA ဖမ်းဆီးရမိ၊ သူတောင်းစားပုံစံအထိ ယောင်ဆောင်စေပြီး စစ်ကောင်စီက ပုံစံမျိုးစုံနဲ့ စေလွှတ်ထားတယ်လို့ဆို
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲနဲ့ သီပေါမြို့နယ်မှာရှိတဲ့ တအာင်းရဲတပ်ဖွဲ့က စစ်ကောင်စီ လွှတ်လာတဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းကို ဖမ်းဆီးရမိထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။