လက်ပံတန်းမြို့နယ် သရက်ချောင်းရွာကို စစ်တပ်က ဒရုန်းနဲ့ ‌ဗုံးကြဲချတိုက်ခိုက်တာကြောင့် အရပ်သား ၁ ဦး သေဆုံး

ပဲခူးတိုင်း လက်ပံတန်းမြို့နယ် သရက်ချောင်းရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာတန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရခိုင်အပြင် ဧရာဝတီ၊ မကွေးနဲ့ပဲခူးအစပ်မှာ စစ်တပ်နဲ့ AA တိုက်ပွဲ ဆက်လက် ပြင်းထန်

ရခိုင်ပြည်နယ် စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်အပါအဝင် ရက္ခိုင်-ဧရာဝတီအစပ်၊ ရက္ခိုင်-မကွေးအစပ်နဲ့ ရက္ခိုင်-ပဲခူးအစပ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်- AA တို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ AA က မနေ့ စက်တင်ဘာ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လားရှိုးဆေးရုံမှာ ကုသမှု ခံယူနေတဲ့ နောင်ပိန်စစ်ရှောင်တစ်ဦး သေဆုံး

ရှမ်းမြောက် လားရှိုးမြို့ ပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူနေတဲ့ နောင်ပိန်စစ်ရှောင်တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

မူးမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး- KNU ထိန်းချုပ်ထားတဲ့ ခလယ်လွီထူခရိုင် မူးမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လို့ ဒေသခံ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

မန္တလေး-မိုးကုတ်လမ်းမကို ထိန်းချုပ်ဖို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ သပိတ်ကျင်းဘက်ကနေ ထိုးစစ်ဆင်လာလို့ တိုက်ပွဲပြင်းထန်နေ၊ လမ်းမကြီးပေါ်ရှိ ဇရပ်ကွင်းနဲ့လိပ်ကျရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်

သပိတ်ကျင်းမြို့ကို သိမ်းပိုက်ထားပြီးနောက် တိုက်ပွဲရပ်တန့်ထားတဲ့ စစ်ကောင်စီတပ်ဟာ အင်အားတွေ ထပ်မံဖြည့်တင်းပြီးနောက် မန္တလေး-မိုးကုတ်လမ်းမကြီးကို ထိန်းချုပ်ဖို့ မြေပြင်နဲ့ဝေဟင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အခု လမ်းမကြီးပေါ်မှာရှိတဲ့ ဇရပ်ကွင်းနဲ့ လိပ်ကျက ကျေးရွာခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ကျောက်မဲကနေ လားရှိုးဘက် စစ်ရှောင်သွားတဲ့ လူငယ်တစ်ဦး လားရှိုးမှာ ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံး

ကျောက်မဲမြို့ကနေ လားရှိုးမြို့ဘက် စစ်ရှောင်သွားတဲ့ လူငယ်တစ်ဦး လားရှိုးမြို့မှာ ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးခဲ့တယ်လို့ ဇာတိမြေကျောက်မဲပရဟိတအသင်းဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကျောက်မဲမြို့နယ် မက်မန်းကုန်းသာရွာက လင်မယား ၂ ဦး ပွဲချင်းပြီး သေဆုံး

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် နားအိုက်ခန့်အုပ်စု မက်မန်းကုန်းသာကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် လင်မယား ၂ ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

Explosion in Lashio Injures Four Residents

An explosion at a scrap iron shop in junta-controlled Lashio, the capital of northern Shan State, injured four residents, according to the sources in the city.

ကောန်အီမာည်း ရဝ်နံမ့်စါမ်အူအီး ပ်ုန်မဲႈတံပ်ကိုးကာင်းကဲဒိူန် ပဲန်ဟာဝ်းပွံတ် ဘံင်လိုဘ္လာႈႎဲ့

တိုအီးခေဲင်အရာပ်အူအီး က္လာင်းဒါႈ ဂေါႇမိုႈဖုင်တံပ်ကိုးကာင်း MNDAA ကဲ မဲႈကောန်အီမာည်းအူအီး အ်ုန်အီဂေါည်ပရဝ်နံမ့်စါမ် လှံင်လာဆေဝ်နီန်အူအီး စီပဲန် ပဲန်ဟာဝ်းပွံတ် ဘံင်လိုဘ္လာႈႎဲႈအောႏ။

ကျောက်မဲကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ပင်တိန်မှာပဲ သောင်တင်နေ

တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့ကို ပြန်လည်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်တွေက ရှေ့တိုးလာနိုင်ခြင်း မရှိသေးဘဲ နောင်ပိန်အုပ်စု ပင်တိန်ကျေးရွာမှာပဲ သောင်တင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။