စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တစ်လအတွင်း နိုင်ငံတစ်ဝှမ်းက အမျိုးသမီး ၇၃ ဦး သေဆုံး

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာ၊ သတ်ဖြတ်ခံရတာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေကြောင့် တစ်လအတွင်း နိုင်ငံတစ်ဝန်းက အမျိုးသမီး ၇၃ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဒီနေ့ စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ခုခံတွန်းလှန်စစ် ၄ နှစ်အတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ် အစီး ၂ဝ ပစ်ချနိုင်ခဲ့၊ စစ်သား ၆ သောင်းကျော် သေဆုံး

ပြည်သူ့ခုခံတွန်းလှန်စစ် ၄ နှစ်ကာလအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ် ၂ဝ စီးထဲက ၁၁ စီးကို တော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ချနိုင်ခဲ့ပြီးတော့ ၉ စီးက ပျက်ကျခဲ့ပြီး စစ်သား ၆ သောင်းကျော် သေဆုံးခဲ့ပါတယ်။

သရက်မြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၉ ဦး သေဆုံး

မကွေးတိုင်း သရက်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အမျိုးသမီးစစ်မေ ၂ ဦးအပါအဝင် ၁၉ ဦး သေဆုံးခဲ့တယ်လို့ ဗမာပြည်ကာကွယ်‌ရေးတပ်- USBA က မနေ့ စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

သပိတ်ကျင်းမြို့နယ် ကျောက်ဖြူရွာက ကလေးတွေ စာသင်ကြားနေတဲ့ နေအိမ် လေကြောင်းနဲ့ တိုက်ခိုက်ခံရ၊ ကလေးငယ်တစ်ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ် ကျောက်ဖြူရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။

နတ်မောက်မြို့နယ် ရုံးပင်ကွက်ရွာအနီး စက်တပ်မော်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

မကွေးတိုင်း နတ်မောက်မြို့နယ် ရုံးပင်ကွက်ကျေးရွာအနီးကို စစ်တပ်က ‌စက်တပ်လေထီးနဲ့ ‌ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မြောက်ဦး ဒိုင်းကျီရပ်ကွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရသူတွေထဲက အမျိုးသမီး ၁ ဦး ထပ်မံသေဆုံး

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်က လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရရှိသူတွေထဲက အမျိုးသမီး ၁ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ မြောက်ဦးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ၂ ကြိမ် တိုက်ခိုက်

ဒီနေ့ စက်တင်ဘာ ၆ရက် ညနေ ၆နာရီမထိုးခင်မှာ တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို လေကြောင်းတိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဂေါႇပ္လေ လာက်နာက်ဒါင်း ပ်ုန်‌ပဴင် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ တိုအီးရဝ် မက်မန်းကုန်းသာ လှံင်မာဝ်းႎံင်း အူပီးအူမေန်း 2 အီး ယံမ်းဟာဝ်း

ဘိူန်းအယ်နံပ် ဒီဘိူန်းတံပ်ဆီုက်တအာင်း PSLF/TNLA ကဲတထိင်ခြဲ ပလှံင်မာဝ်းႎင်း ခမိုနားအိုက်ခန့် ပရဝ်မက်မန်းကုန်းသာနီန် ဂေါႇပ္လေလာက်နာက်ဒါင်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ အူပီးအူမေန် 2 အီးယံမ်းဟာဝ်းအောႏ။

ဟိုပန်မှာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ခွင့် UWSA တားမြစ်

“ဝ”တပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ဟိုပန်မြို့နယ်မှာ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ပြုလုပ်တာကို ကြုံတွေ့လာရင် တရားစီရင်ရေးဌာနသို့ တိုင်ကြားဖို့ UWSA က လူထုနဲ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

မူဆယ် ၁၀၅ မိုင်မှာ ပိုင်ရှင်မဲ့ အမျိုးသားအလောင်း ၁ လောင်းတွေ့ရှိ

ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင်မှာ ပိုင်ရှင်မဲ့ အမျိုးသားအလောင်း ၁ လောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။