ရခိုင်-မကွေးနဲ့ ရခိုင်-ဧရာဝတီအစပ်တွေကို စစ်တပ်က ထိုးစစ်ဆင်နေ၊ စစ်ကောင်စီဘက်က သေဆုံးမှုများပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ AA ပြော
စစ်ကောင်စီတပ်ဟာ ၎င်းလက်လွတ်ထားရတဲ့ ရခိုင်-မကွေးတိုင်းနဲ့ ရခိုင်-ဧရာဝတီတိုင်း အစပ်တွေကို ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က သေဆုံးမှုများကာ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။