လားရှိုးမြို့နယ်က ၁၆ နှစ်အရွယ် ကလေးတစ်ဦး မူးယစ်ဆေး သုံးတယ်ဆိုပြီး MNDAA က ထောင်ဒဏ် ၄ လ ချမှတ်ပြီးတော့ စစ်မှုထမ်းခိုင်း
ရှမ်းမြောက် လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာက အသက် ၁၆ နှစ်အရွယ် ကလေးတစ်ဦးကို မူးယစ်ဆေး သုံးစွဲတယ်ဆိုပြီး ကိုးကန့်တပ်- MNDAA က ဖမ်းဆီးပြီး ထောင်ဒဏ် ၄ လ ချမှတ်ခဲ့တယ်လို့ ကာယကံရှင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။