ပွဲစားကနေတဆင့် တရားမဝင် ခိုးပေါက်ကနေ တရုတ်ပြည်ဘက် ဝင်နေတဲ့သူတွေကို ရဲတွေက ငွေ အဆမတန် တောင်းတာတွေရှိသလို ဖမ်းဆီးရိုက်နှက်တာတွေလည်း ရှိနေ
ရှမ်းမြောက် တရုတ်-မြန်မာ နယ်စပ်ဖြစ်တဲ့ မူဆယ်မြို့ကနေ တရုတ်ပြည်ဘက်သို့ ပွဲစားကနေတစ်ဆင့် တရားမဝင် ခိုးပေါက်ကနေ ဝင်နေတဲ့သူတွေကို ရဲတွေက ငွေ အဆမတန် တောင်းတာတွေရှိသလို ဖမ်းဆီးရိုက်နှက်တာတွေလည်း ရှိနေတယ်လို့ ပြန်လွှတ်လာတဲ့ ကိုအိုက်သန်းက ရွှေဖီမြေကို ပြောပါတယ်။