မယ်စဲ့မြို့နယ်အတွင်း သုံ့ပန်းတွေ ထိန်းသိမ်းထားတဲ့နေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ၈ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ၅ ဦး သေဆုံး
ကရင်နီပြည် မယ်စဲ့မြို့နယ်အတွင်း သုံ့ပန်းတွေ ထိန်းသိမ်းထားတဲ့နေရာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ၈ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီကြားကာလအစိုးရ- IEC ရဲ့ အထွေထွေအတွင်းရေးမှူး(၂) ဗညားခွန်းအောင်က ရွှေဖီမြေကို ပြောပါတယ်။