အိုက်ပွီး၊ ဧပြီ ၁၂ ရက်၊ မလေးရှား

မလေးရှားနိုင်ငံ ဆလန်ဂေါ့ပြည်နယ် ကာကျန်းမြို့မှာ မြန်မာ ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် မြန်မာတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသားတွေဟာ ဘင်္ဂလားဒေ့ရှ် ၉၃ ဦး၊ အင်ဒိုနီးရှား ၄၉ ဦး၊ မြန်မာ ၅၉ ဦး၊ ပါကစ္စတန် ၆ ဦး၊ နီပေါ ၄၆ ဦး၊ အိန္ဒိယ ၂၂ ဦး၊ သီရီလင်္ကာ ၁၁ ဦးနဲ့ ဆူဒန် ၂ ဦးတို့ ဖြစ်ပါတယ်။

ကာကျန်းမြို့က နိုင်ငံခြားသားတွေ နေထိုင်တဲ့နေရာတွေကို ဧပြီ ၁၀ ရက် ည ၁၁ နာရီဝန်းကျင်မှာ မလေးရှား အာဏာပိုင်အဖွဲ့တွေ ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ တရားမဝင် နေထိုင်တဲ့ နိုင်ငံခြားသားတွေ ဖမ်းဆီးခံရတာပဲ ဖြစ်ပါတယ်။

“နိုင်ငံခြားသားတွေနေတဲ့ နေရာတွေကို ရဲတွေ၊ လဝကတွေ စစ်ဆေးတာပါ။ အထောက်အထား အပြည့်အစုံ မပြနိုင်တဲ့ နိုင်ငံခြားတွေ ဖမ်းဆီးခံရတယ်။ မြန်မာတွေလည်း ပါတယ်။ မြန်မာ အမျိုးသမီးတွေလည်း ပါတယ်” လို့ မလေးရှားရောက် မြန်မာအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသားတွေဟာ မလေးရှားမှာ တရားမဝင် လာရောက် နေထိုင်ပြီး စက်ရုံ၊ စားသောက်ဆိုင်မှာ အလုပ် လုပ်နေကြသူတွေ ဖြစ်ပါတယ်။

ဒါကြောင့် သူတို့တွေကို တရားမဝင် နေထိုင်မှုနဲ့ မလေးရှား လဝက ဥပဒေနဲ့ တရားစွဲဆိုခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။

“လဝက ဖမ်းပြီဆိုရင် ပြန်မလွတ်တော့ဘူး။ သူတို့ကို တရားမဝင် နေထိုင်မှုနဲ့ လဝက ဥပဒေနဲ့ တရားစွဲဆိုမယ်။ ပြီးရင် တရားရုံးက ထောင်ဒဏ် ချမှတ်မယ်။ ပြစ်ဒဏ် ကျခံပြီးရင် ကိုယ့်နိုင်ငံအသီးသီးကို ပြန်ပို့ခံရမှာဖြစ်တယ်” လို့ လူမှုကူညီရေး ဆောင်ရွက်နေတဲ့ မြန်မာအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အလားတူ ပီနန်းပြည်နယ် ပီနန်းမြို့မှာလည်း နိုင်ငံခြားသားတွေ နေထိုင်တဲ့နေရာတွေကို ဧပြီ ၁ဝ ရက် ညပိုင်းက မလေးရှား အာဏာပိုင်အဖွဲ့တွေက နှစ်ကြိမ် ဝင်ရောက် စစ်ဆေးပြီး မြန်မာအပါအဝင် တရားမဝင် နိုင်ငံခြားသားတွေ ရာနဲ့ချီ ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ရွှေလီမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး တံတားပေါ်ကနေ ခုန်ချပြီး အလောင်းရှာမတွေ့သေး

တရုတ်ပြည် ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး ရွှေလီ-ကျယ်ဂေါင် ကူးပေါင်းတံတားပေါ် ကနေ ခုန်ချခဲ့ပြီး လက်ရှိအချိန်ထိ အလောင်းရှာမတွေ့သေးဘူးလို့ လှုမှုကူညီရေးအသင်းသမားတစ်ဦးက ပြောပါတယ်။

ရွှေလီမှာ ကျောက်စိမ်းလိမ်ရောင်းနေသူတွေကို တရုတ်ရဲတွေက လိုက်လံဖမ်းဆီး

တရုတ်ပြည် ရွှေလီမြို့မှာ ကျောက်စိမ်းလိမ်ရောင်းနေတဲ့သူတွေကို တရုတ်ရဲတွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးထားတာ ရှိနေတယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တွေကို ဇီဝအချက်အလက် ကောက်ယူနေ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်အပါအဝင် ဘင်္ဂလားဒေ့ရှ်က စစ်ဘေးရှောင်တွေရဲ့ ဇီဝအချက်လက်ကို ဇူလိုင် ၂၉ ရက်ကစပြီး ကောက်ယူနေတယ်လို့ မြန်မာစစ်ဘေးရှောင်တွေဆီက သိရပါတယ်။

မလေးရှားမှာ မြန်မာ ၁ထောင်ကျော် အပါအဝင် နိုင်ငံခြားသား ၁၄၀၀ကျော် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ဆလာယန်းမြို့မှာ မြန်မာနိုင်ငံသား ၁ထောင်ကျော်အပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၁၄၀၀ကျော် ဖမ်းဆီးရမိတယ်လို့ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာနက ဒီနေ့ မေလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။